Wednesday, June 24, 2026
Home » ကရင်နီမှာ ပျက်ကျခဲ့တဲ့ လေယာဉ်မှာ FTC2000Gတိုက်လေယာဥ်အမျိုးအစားဖြစ်

ကရင်နီမှာ ပျက်ကျခဲ့တဲ့ လေယာဉ်မှာ FTC2000Gတိုက်လေယာဥ်အမျိုးအစားဖြစ်

1 100
100

🟥လေယာဉ်မှူး၂ဦးပါ သေဆုံး

ကရင်နီပြည်နယ်၊ ဖားဆောင်းမှာ ပျက်ကျခဲ့တဲ့ စစ်ကောင်စီရဲ့လေယာဉ်မှာ F7နဲ့A5လေယာဉ်တွေအစားထိုး တရုတ်ထုတ် FTC2000G အမျိုးအစားတိုက်လေယာဥ်တစ်စီးဖြစ်ပြီး လေယာဉ်မှူး၂ဦး သေဆုံးတယ်လို့ သိရှိရပါတယ်။

“၂ယောက်တွေ့တယ်။ ၂လောင်းတွေ့တယ်။အဲ့ဒါတော့ အတည်ပြုလို့ရတယ်”လို့ ကရင်နီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက BBMကိုပြောပါတယ်။

စစ်ကောင်စီဟာ အစောပိုင်းက F7နဲ့A5‌လေယာဉ်တွေကို အစားထိုးရန် တရုတ်နဲ့ ပါကစ္စတန်ထုတ် JF-17လေယာဉ်ကို ၀ယ်ယူခဲ့ဖူး‌ပေမဲ့ စက်ချို့ယွင်းမှု ပြဿနာတွေနဲ့ အခြားသော စက်ပိုင်းဆိုင်ရာ Errorတွေ တက်ခဲ့တာကြောင့် နောက်ပိုင်းမှာ တရုတ်ထုတ် FTC 2000Gကို အစားထိုးအနေနဲ့ သုံးခဲ့တယ်လို့ လေတပ်CDMတစ်ဦးက BBM ကိုပြောပါတယ်။

“အစပိုင်း အစားထိုးဖို့၀ယ်တာက JF-17၀ယ်တာလေ။ ပါကစ္စတန်နဲ့ တရုတ်နဲ့ထုတ်တာ error‌တွေများတယ်။ အဲ့ဒါဂျင်းမိသွားလို့ ဆက်မ၀ယ်တော့တာ”လို့ BBMကိုပြောပါတယ်။

စစ်ကောင်စီဟာ JF-17ကိုလည်း ဆက်လက်အသုံးပြုနေပြီး မကွေးလေတပ်စခန်း ကနေပျံသန်းပြီးတော့ ရခိုင်ဘက်ကို ဗုံးကြဲရာမှာ အဓိကထားသုံးတယ်လို့ သိရပါတယ်။

“သုံးတော့သုံးနေတာပဲ။ အခုလည်း ရခိုင်ဘက်တွေကို ကြဲချတဲ့အခါတွေမှာလေ။ မကွေးကနေတက်တာ”လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ နမ့်ဆမ်လေတပ်စခန်းမှာ FTC2000G စုစုပေါင်း ၁၆စီးခန့်ရှိပြီး အဓိက အထိုင်ချတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ကြဲချရမယ့် နေရာပေါ်မူတည်ပြီး FTC 2000Gလေယာဉ်တွေကို တံတားဦးနဲ့ မိတ္ထီလာ လေတပ်စခန်းတို့တွင် စစ်ဆင်ရေးအရ အထိုင်ချပြီးမှ ပျံသန်းကြဲချတယ်လို့ သိရပါတယ်။

“နမ့်ဆန်မှာ စုစု‌ပေါင်း၁၆စီး လောက်ရှိတယ်။ အဲ့ဒီကကနေပဲ ကြိုကြားကြိုကြား စစ်ဆင်ရေးသဘော လာထိုင်တာမျိုးတွေရှိတယ်။ အဲ့ဒီနမ့်ဆန်ကလူတွေပဲ။ နမ့်ဆန်ကနေမှ တခြားကြဲရမဲ့နေရာတွေအတွက်ကို မိတ္ထီလာမှာ ထိုင်ရင်ထိုင်တယ်။ တံတားဦးမှာ ထိုင်ရင်ထိုင်တယ်‌ပေါ့ ။ပြီးမှ သွားကြဲချတာ”

လို့ဆက်လက်ပြောကြားပါတယ်။ KNDF ဒုစစ်ဦးစီးချုပ် မာဝီက သူထုတ်ပြန်တဲ့ Videoထဲမှာ “အသိပေးရမှာ သေချာပြီမလို့ အသိပေးလိုက်ပါတယ်။ ငှက်တစ်ကင် တပ်ရင်းတစ်ရင်း ကရင်နီမှာဖြစ်တယ် ကရင်နီစစ်သည်တွေရဲ့ လက်ချက်ဖြစ်တယ်”လို့
ဇူလိုင်လ ၃ရက်နေ့ နေ့လယ် ၃နာရီခန့်မှာ သူ့ရဲ့ social media ပေါ်မှာ တင်ထားတာတွေ့ရပါတယ်။

ဇူလိုင်လ ၃ရက်နေ့မှာ စစ်ကောင်စီက FTC 2000G‌လေယာဉ်ကို နေပြည်တော်ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ၁၃၀အကွာ (မိုင်၈၀၀န်းကျင်)မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

1 comment

Anonymous July 3, 2025 - 6:15 pm

👍👍

Reply

Leave a Comment

Latest Post

Latest Post