Wednesday, June 24, 2026
Home » ဖားဆောင်းမှာ လေယာဉ်ပျက်ကျပြီးနောက် ဒုချုပ်စိုး၀င်းက ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုဆူပူကြိမ်းမောင်း

ဖားဆောင်းမှာ လေယာဉ်ပျက်ကျပြီးနောက် ဒုချုပ်စိုး၀င်းက ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုဆူပူကြိမ်းမောင်း

2 122
122

ကရင်နီပြည်နယ်၊ ဘော်လခဲခရိုင်၊ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာအနီးမှာ ပျက်ကျခဲ့တဲ့ လေယာဉ်ဖြစ်စဉ်နဲ့ပက်သက်ပြီးတော့ ဒုချုပ်စိုး၀င်းက ကာကွယ်ရေးဦးစီးချုပ်(လေ)ကို ဒေါသတကြီး ခေါ်ယူကြိမ်းမောင်းခဲ့ပြီး လေယာဉ်ပျက်ကျရာမှာ တာ၀န်ရှိတဲ့သူတွေကို စုံစမ်းစစ်ဆေးရေးခုံရုံးကို ခေါ်ယူပြီး အရေးယူမှာဖြစ်တယ်လို့ တပ်တွင်းအရင်းအမြစ်က BBM ကိုပြောပါတယ်။

ဇူလိုင်လ၃ရက်နေ့က ခမဖြူကျေးရွာအနီးမှာ ပျက်ကျခဲ့တဲ့ FTC2000G လေယာဉ်ဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ ပျက်ကျခဲ့တဲ့နေ့မှာပဲ ဒုချုပ်စိုး၀င်းက ကာကွယ်ရေးဦးစီးချုပ်(လေ)ကို ဒေါသတကြီး ကြိမ်းမောင်းဆဲဆိုခဲ့ပြီးတော့ ‌လေယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်နဲ့ပက်သက်တဲ့ တာ၀န်ရှိသူတွေကိုလည်း စစ်ကောင်စီရဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးမှာ အပြစ်ပေး ‌အရေးယူမယ်လို့ သိရပါတယ်။

“မနေ့က စိုး၀င်းက လေချုပ်ကို ခေါ်တွေ့တယ်။ အဓိကကတော့ သတိပေးဆုံးမ‌မှု လုပ်ဖို့ပေါ့နော်။ ‌‌ လေယာဉ်ကိစ္စမှာ သူ့အောက်က တာ၀န်ရှိတဲ့သူတွေကို စုံခုံသက်ချုပ် ရေးဖို့ ပြောရရင် အပြစ်ပေးအရေးယူဖို့ ညွှန်ကြားထားတယ်။ လေချုပ်ကို မကျေမနပ်ဆဲဆိုနေတာတွေရှိတယ်။ ပြီးတော့ လေယာဉ်စစ်ဆေးမှု ပေါ့လျော့မှုကြောင့် လေချုပ်ကနေစပြီးတော့ အောက်ခြေအဆင့်ထိ ရှုံ့ချတယ်လို့ပြောတာလည်းသိရတယ်”

လို့ တပ်တွင်းအရင်းအမြစ်ရဲ့ ပြောကြားချက်အရသိရပါတယ်။ ၂၀၂၄ခုနှစ်၊ မေလ၆ရက်နေ့ကလည်း ကရင်နီပြည်နယ်၊ ဘော်လခဲနဲ့ ဖားဆောင်းမြို့နယ်ကြားရှိ ချိကွဲ့-နန့်‌နောက်အနီးမှာ စစ်ကောင်စီရဲ့ MI-17 တိုက်ခိုက်ရေးလေယာဉ်ပျက်ကျသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၈ဦးသေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဒီလိုအရေးယူမှုတွေကြောင့် စစ်ကောင်စီတပ်အတွင်းမှာ စည်းရုံမှုတွေပိုမိုပြိုကွဲလာနိုင်ချေရှိပြီး အကြီးပိုင်းအရာရှိတွေထိ သွေးကွဲမှုတွေပိုမိုများပြားလာနိုင်တယ်လို့ တပ်CDMအသိုင်းအဝိုင်းက BBMကိုပြောပါတယ်။

“ဒီ စကစ အသိုင်းအဝိုင်းထဲမှာ စည်းရုံးမှုတွေပိုပြီးတော့ပြိုကွဲလာနိုင်တယ်။ သွေးကွဲမှုတွေက အကြီးပိုင်းအဆင့်တွေထိ ရောက်လာနိုင်တယ်”

လို့ BBMကိုပြောပါတယ်။

2 comments

Anonymous July 5, 2025 - 12:23 pm

😄😄

Reply
Hla Pyi July 5, 2025 - 5:56 pm

Hlapyi

Reply

Leave a Comment

Latest Post

Latest Post