Wednesday, October 14, 2026
Home » စကစရဲ့လေကြောင်းဗုံးကြဲမှုကြောင့် မိုးကုတ်မြို့အရှေ့ပိုင်းမှ ကလေးငယ်(၂)ဦးသေဆုံး

စကစရဲ့လေကြောင်းဗုံးကြဲမှုကြောင့် မိုးကုတ်မြို့အရှေ့ပိုင်းမှ ကလေးငယ်(၂)ဦးသေဆုံး

1 79
79

🟥အဆိုပါ ကလေးငယ်တွေရဲ့မိခင်အပါအဝင်ပြည်သူ(၈)ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊မိုးကုတ်မြို့အရှေ့ပိုင်း ပန်းမထိပ်ကျေးရွာအတွင်း စစ်ကောင်စီလေကြောင်းမှ ပေါင်(၂၅၀)ဗုံး (၂)လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူကလေးငယ်(၂)ဦးသေဆုံးပြီး အဆိုပါကလေးငယ်တွေရဲ့မိခင်အပါ (၈)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေအရ သိရပါတယ်။

၂၀၂၅ခုနှစ်၊ ဇူလိုင်လ၉ရက်(ယမန်နေ့)ည၈နာရီအကျော်မှာ စစ်ကောင်စီရဲ့တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတစ်စီးက မိုးကုတ်မြို့အရှေ့ပိုင်းကို အနိမ့်ပျံသန်းပြီး ဗုံးကျဲချတိုက်ခိုက်သွားခဲ့တယ်လို့ သိရပါတယ်။

” မြို့အရှေ့ပိုင်းကို နိမ့်နိမ့်လေးလာပြီး တစ်ခါတည်းကျဲသွားတယ်ဗျ၊ ၁၀နှစ်အရွယ် ယောကျာ်းလေးနှစ်ယောက်တော့ ဖြစ်စဥ်မှာပဲပွဲချင်းပြီးဆုံးသွားတယ်”

ဟု မိုးကုတ်မြို့ဒေသခံတစ်ဦးမှ BBM ကိုပြောပါတယ်။ မနေ့ညက ဗုံးကျဲမှုဖြစ်စဥ်အတွင်းမှာ သေဆုံးသွားတဲ့ကလေးငယ်(၂)ဦးရဲ့ မိခင်လည်း မျက်လုံးမှာ ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီး အခုချိန်ထိ သတိပြန်မလည်လာသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် ကလေးငယ်တွေရဲ့မိခင်အပါအဝင် ဖြစ်စဥ်အတွင်း ပြည်သူ(၈)ဦးလောက်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်(၁၀)လုံးခန့်လည်း လုံးဝပျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

“ဆုံးသွားတဲ့ ကလေးတွေရဲ့အမေကတော့ မျက်စိတစ်ဖက်ထိသွားပြီးတော့မှ အခုချိန်ထိ သတိမလည်လာသေးဘူး၊ သူ့ကိုတော့ သေစာရင်းတော့သွင်းလို့မရသေးဘူးပေါ့၊ အသက်တော့ရှိနေသေးတယ်၊ သတိလစ်နေသေးတာပေါ့၊ အိမ်ကကျတော့(၁၀)ဝန်းကျင်လောက်ရှိတယ်၊ နေလို့မရအောင်ပျက်စီးသွားတာပေါ့”

ဟု အဆိုပါဒေသခံမှ BBM ကိုဆက်ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ ယမန်နေ့ညပိုင်းမှာတင် မိုးကုတ်မြို့သာမက ကရင်နီပြည်နယ် မော်ချီးနဲ့ဖားဆောင်းဒေသတစ်ဝိုက်တို့ကိုလည်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး လူထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

1 comment

888slot apk July 9, 2026 - 2:59 am

Điều mình hài lòng là 888slot apk hoạt động tốt trên cả iPhone lẫn Android. TONY07-08

Reply

Leave a Comment

Latest Post

Latest Post