မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ကိုဗဟိုပြုပြီးတော့ ပြင်းအား ရစ်ခတာ စကေးလ် ၄.၉ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ မန္တလေးမြို့ခံတစ်ဦးက BBM ကိုပြောပါတယ်။
ဇူလိုင်လ ၁၆ရက်နေ့ မနက် ၃နာရီ ၂၈မိနစ်ခန့်က မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ် အရှေ့တောင်ဘက် ၄မိုင်အကွာ မြေအောက်အနက် ၁၀ကီလိုမီတာကို ဗဟိုပြုပြီးတော့ ပြင်းအား ရစ်ခတာ စကေးလ် ၄.၉ရှိ ငလျင် လှုပ်ခတ်သွားတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။
“အသံကြီးနဲ့လာတာ။ရှေ့ရက်ပိုင်းတွေက ငြိမ်ထားတော့ ကောင်းကောင်းအိပ်မောကျနေတာပေါ့။ ဒီ မနက်၃နာရီကျော် အချိန်ကြီးလေ၊ လမ်းတွေပေါ် ပြေးထွက်ကြရတာ။ လှုပ်လှုပ် ပြီးချင်း အိမ်ထဲလည်း တန်းမ၀င်ရဲကြဘူး။ မန္တလေး ကပ်ဆိုက်နေတယ်ထင်ပါရဲ့ဗျာ”
လို့ ချမ်းအေးသာစံအနောက်ရှိ မြို့ခံတစ်ဦးက BBMကိုပြောပါတယ်။ မန္တလေးမြို့အနီးတစ်ဝိုက်က မြို့တွေမှာလည်း ငလျင်လှုပ်ခတ်တာကို သိသိသာသာ ခံစားရတယ်လို့ သိရပါတယ်။
“နောက်ထပ် အကြီးကြီးတစ်ခု ထပ်လှုပ်ပြီထင်နေတာ။ မေလက လှုပ်ထားတဲ့ဒဏ်တောင် အခုထိခံနေရတုန်းလေ။ အဲ့တုန်းကလို လူတွေ ထိခိုက်ဦးမလားဆိုပြီး အတွေးက တန်း၀င်လာတာ”
လို့ စစ်ကိုင်းမြို့ခံတစ်ဦးက BBMကို ပြောပါတယ်။ ၂၀၂၅ခုနှစ်၊ မတ်လ ၂၈ရက်နေ့က စစ်ကိုင်းကိုဗဟိုပြုပြီး ပြင်းအား ရစ်ခတာစကေးလ်၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်စုစုပေါင်း ၂၀၀ကျော်လှုပ်ခတ်ခဲ့ပြီးဖြစ်တယ်လို့ စာရင်းတွေအရသိရပါတယ်။
1 comment
Your point of view caught my eye and was very interesting. Thanks. I have a question for you.