နောင်ချိုအပြီး မိုးကုတ်လမ်းပေါ်က ကျေးရွာတွေနဲ့ ဂုတ်ထိပ်တစ်ဖက်ရှိကျေးရွာတွေကိုပါ စကစ စစ်ကြောင်းတိုးနေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ရှိ ရပ်ကွက်အကုန်လုံးနီးပါးကို စစ်ကောင်စီမှ ပြန်လည်သိမ်းပိုက်ထိန်းချုပ်သွားနိုင်ခဲ့ပြီး TNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မြို့ပေါ်မှ ခွာ စစ်ဆင်ပြန်လည်ဆုတ်ခွါနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေအရ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ နောင်ချိုမြို့ကို ပြန်လည်ရရှိရန်အတွက် တောင်ခမ်းကျေးရွာနဲ့ ပြင်ဦးလွင်မြို့နယ်တို့မှ အဓိကပင်မစစ်ကြောင်း(၂)ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး အခုနောင်ချိုမြို့တွင်းသို့ ရောက်ရှိလာနေတဲ့ စစ်ကြောင်းတွေဟာ တောင်ခမ်းကျေးရွာဘက်မှလာတဲ့ စစ်ကြောင်းတွေဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါတောင်ခမ်းကျေးရွာဘက်မှလာတဲ့ စစ်ကြောင်းတွေဟာ နောင်ချိုမြို့တောင်ဘက်ရှိ တောင်ရပ်ကွက်၊ စျေးရပ်ကွက်၊ ပါဟတ်ရပ်ကွက်များကို တိုက်ခိုက်သိမ်းပိုက်ပြီး မြို့တွင်းသို့ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“မြို့ပေါ်မှာ (၆)ရပ်ကွက်ရှိတာ၊ အကုန်နီးပါးပြန် ပါသွားပါပြီ၊ ပြီးတော့နောင်ချိုတောင်ဘက်မှာရှိတဲ့ တောင်ကြီးသွားတဲ့အခြမ်း(ဘန့်ဘွေးအပါ) အဲ့ဘက်တွေလဲ ပါသွားပါပြီ”
ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။ နောင်ချိုမြို့နယ်ကို ရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု(၃၅)စု၊ စုစုပေါင်းကျေးရွာ ၁၈၀ ကျော်ဖြင့် ဖွဲ့စည်းထားတာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ မြို့နယ်အတွင်းရှိ ရပ်ကွက်(၆)ခုလုံးနဲ့ ကျေးရွာအုပ်စု(၂၆)စုကို ပြန်လည်ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမျိုးရှိနေပြီလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ နောင်ချိုမြို့ကိုထိုးစစ်ဆင်နေချိန်မှာပဲ ကျောက်မဲ-မိုင်းလုံ လမ်းပေါ်ရှိ သုံးဆယ်ကျေးရွာကို သိမ်းပိုက်နိုင်ဖို့ လုပ်ဆောင်နေသလို၊ မိုးကုတ် ၊ မတ္တရာ၊စဥ့်ကူးအထိ ဆက်သွားလို့ရတဲ့ သံဘိုကျေးရွာကိုလည်း တိုက်ခိုက်နေတယ်လို့သိရပါတယ်။
တကယ်လို့ အဆိုပါကျေးရွာတွေကိုသာ စစ်ကောင်စီအနေနဲ့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်အတွင်းက ကျောက်မဲမြို့သာမက မန္တလေးတိုင်းအတွင်းက မိုးကုတ်၊ သပိတ်ကျင်း၊ မတ္တရာ၊ စဥ့်ကူးဒေသတွေအတွက်ပါ စိုးရိမ်ရတဲ့ စစ်မျက်နှာတစ်ခု ထပ်တိုးသွားနိုင်တယ်လို့လည်း သိရပါတယ်။
“တကယ်လို့ စကစက သုံးဆယ်ရသွားခဲ့ရင် တော်လှန်ရေး အဖွဲ့တွေအတွက် အတော်လေးစိုးရိမ်ရပါပြီ။ သုံးဆယ်ကနေဆို ပင်တီး-နမ့်ကယ်အိုက်-ဆိတ်ဖူးကတဆင့် မိုင်းလုံ-ကျောက်မဲလမ်းပေါ်ကနေကျောက်မဲဘက်ဖြစ်ဖြစ် မိုင်းလုံကနေဖြစ်ဖြစ် သွားလို့ရနေတယ်ခင်ဗျာ၊ သံဘိုကိုရရင်လဲ မိုးကုတ်သာမက အောက်ဖက်ဆင်းသွားရင် မတ္တရာ စဥ်ကူး သပိတ်ကျင်းအထိသွားရတော့ စိုးရိမ်ရပါတယ်”
ဟု အဆိုပါစစ်ရေးသတင်းရင်းမြစ်မှ ဆက်ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ ယခုလာမဲ့ဒီဇင်ဘာမှစတင်ကာ ရွေးကောက်ပွဲပြန်လည်ပြုလုပ်ပေးမယ်လို့ ကြေငြာပြီးနောက်ပိုင်း ၎င်းတို့ဆုံးရှုံးထားတဲ့ နယ်မြေတွေကို တွေ့ဆုံဆွေးနွေးပွဲတွေမှတဆင့်ပြန်လည်တောင်းယူတာတွေပြုလုပ်ခဲ့သလို လေကြောင်း၊ လက်နက်ကြီးနဲ့ မြေပြင်စစ်အင်အားအလုံးအရင်းတို့ဖြင့်လည်းတိုက်ခိုက်တာတွေပြုလုပ်ပြီး ပြန်လည်ရယူဖို့ကြိုးစားနေတာတွေ တွေ့ရပါတယ်။
3 comments
Chơi thử ở hb88 app vài lần thấy tốc độ tải nhanh hơn mình nghĩ.
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. binance
I еvery time emailed this web site post page to all my friends,
play slots for real money the
reason that if like to read it then my links will too.