စစ်မှုထမ်းတပ်သားသစ်တွေကိုလည်း ရှေ့ဆုံးမှ အသေခံတိုက်ခိုင်း
ပဲခူးတိုင်း၊သာယာဝတီခရိုင်အတွင်းရှိ မင်းလှမြို့နယ်အပိုင်ထဲမှ တော်လှန်ရေးတပ်ဖွဲ့တွေရှိရာ ခါချဥ်တောင် စခန်းကုန်းကို စစ်ကောင်စီမှ ဒရုန်း(၃)စီးနဲ့ ဗုံးသီးအလွန်အကျွံသုံးကာ တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း၃၈၀၂၊ တပ်ခွဲ၅ ထံမှ သိရပါတယ်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၄ရက် မနက်၇နာရီခွဲလောက်မှာ အင်အား ၄၀၀ ခန့်နဲ့ စစ်ကောင်စီဘက်မှ ခါချဥ်တောင်စခန်းကို လာရောက်တိုက်ခိုက်ခဲ့ပြီး ညနေ(၄)နာရီလောက်ထိ တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီရဲ့ ဒရုန်းဗုံးသီး၊ လက်နက်ကြီး အဆမတန်အသုံးပြုမှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က တစ်ယောက်ကျဆုံးခဲ့ပြီး အဆိုပါစခန်းမှဆုတ်ခွါခဲ့ရတယ်လို့သိရပါတယ်။
“စစ်ကောင်စီရဲ့ ဒရုန်းကတော်တော်လေးကောင်းလာတယ်၊ လက်နက်ကြီးကို ကျွန်တော်တို့မမှုဘူး ၊ ခုက ဒရုန်း(၃)စီးနဲ့အပေါ်စီးကနေကို ဗုံးကြဲတာ၊ အဲ့ဒရုန်းကြောင့် ကျွန်တော်တို့ဘက်က ရဲဘော်ဗျတ္တကျဆုံးခဲ့ရတာ”
ဟု သာယာဝတီခရိုင် တပ်ရင်း၃၈၀၂၊တပ်ခွဲ(၅)မှ တာဝန်ရှိသူတစ်ဦးမှ BBM ကိုပြောပါတယ်။ စစ်ကောင်စီ အင်အား၄၀၀ခန့်နဲ့ ထိုးလာတဲ့အဆိုပါတိုက်ပွဲအတွင်း စစ်တပ်ဘက်မှလည်း ထိခိုက်သေဆုံးမှုတွေများခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေထပ်မံလာတိုက်မှာစိုးရိမ်တာကြောင့် အဆိုပါခါချဥ်တောင်စခန်းမှ ဇူလိုင်လ၁၆ရက်နေ့ညပိုင်းမှာပြန်လည်ဆုတ်ခွါသွားခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အဆိုပါခါချဥ်တောင်စခန်းတိုက်ပွဲအတွင်း စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဆင်းသင်တန်းသားတွေကိုရှေ့ဆုံးမှအဓိကထားတက်ခိုင်းပြီး အတင်းဝင်လုံးခိုင်းခဲ့တာကြောင့် စကစဘက်မှ သေဆုံးမှုစာရင်းထဲ စစ်မှုထမ်းဆင်းသင်တန်းသားအများစုဖြစ်ခဲ့တယ်လို့လည်း အဆိုပါတာဝန်ရှိသူမှ ဆက်ပြောပါတယ်။
“စခန်းရပေမဲ့ ၁၆ရက်နေ့ညမှာပဲ ဘန့်ဘွေးရွာကိုပြန်ဆုတ်သွားတယ်၊ အတိုက်ခံရမှာစိုးလို့ စခန်းမချရဲဘူး၊ ပြီးတော့သူတို့ဘက်က တိုက်ပွဲထဲအတင်းဝင်လုံးတာ၊ စစ်မှုထမ်းတပ်သားသစ်တွေကိုရှေ့ကနေ အသေခံတက်ခိုင်းတာ၊ပစ်နေတဲ့ကြားက တက်ချလာကြတာတွေ၊ အဲ့ကြောင့်အသေများတာ”
စစ်ကောင်စီအနေနဲ့ယခုနောက်ပိုင်း အဆင့်မြင့်ဒရုန်းတွေကို ဖောဖောသီသီအသုံးပြုလာသလိုစစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေကိုလည်း ရှေ့မှအသေခံတက်ခိုင်းတဲ့နည်းဗျူဟာမျိုး မကြာခဏလုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောဆိုမှုတွေရှိနေပါတယ်။
1 comment
Đội ngũ kỹ thuật của 888SLOT luôn túc trực để đảm bảo đường link truy cập ổn định, không bị giật lag trong những giờ cao điểm. TONY06-22