နွားထိုးကြီးမြို့နယ်၊ လက်ဝဲ-မြင်းနီကျေးရွာကို စစ်ကောင်စီက Gyrocopter ၃စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၂ရက်၊ နေ့လယ်ပိုင်း ၂:၅၀ အချိန်ခန့်က မိတ္ထီလာလေတပ်မှ တက်လာတဲ့ Gyrocopter ၃စီးဟာ မလှိုင်မြို့နယ်ကို ဖြတ်သန်းပြီးတော့ ညနေ ၃:၅၇မိနစ်အချိန်ခန့်မှာ လက်ဝဲ-မြင်းနီရွာပေါ်ကို ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ကြဲချတိုက်ခိုက်ခဲ့တဲ့ ဗုံးသီးတွေဟာ လက်ဝဲ-မြင်းနီရွာအတွင်းရှိ ဘုရားစေတီတွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုရားစေတီအဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့ သိရပါတယ်။
ဒါဟာ စစ်ကောင်စီက မန္တလေးတိုင်းအတွင်း ဒုတိယအကြိမ် Gyrocopter အသုံးပြုတိုက်ခိုက်ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ဖက်ပင်အိုင်ကျေးရွာကို Gyrocopter ၂စီးနဲ့ ပထမအကြိမ်ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။
အကြမ်းဖက် စစ်ကောင်စီဟာ မန္တလေးတိုင်းအတွင်း Gyrocopter တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာပြီး ၎င်းတို့အရင်ကအသုံးပြုခဲ့တဲ့ Paramotor တွေထက် အသံပိုငြိမ်ပြီး ရွေ့လျားမှုပိုမိုမြန်ဆန်လာတယ်လို့ သိရပါတယ်။
4 comments
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.
Thanks for sharing. I read many of your blog posts, cool, your blog is very good.
Một trong những yếu tố khiến 888SLOT nổi bật là sự đa dạng trong các dịch vụ cá cược và giải trí. Những thể loại từ thể thao đến sòng bài trực tuyến trò chơi khác như bắn cá, slot game. Đây là những loại hình giải trí thu hút nhiều hội viên với tính chất vừa giải trí, vừa có thể mang lại thu nhập nếu biết cách đặt cược hợp lý. TONY06-22
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.