Tuesday, June 23, 2026
Home » ကျောက်ဖြူမှာ စစ်ကောင်စီနေဗီက ကျေးရွာတစ်ချို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

ကျောက်ဖြူမှာ စစ်ကောင်စီနေဗီက ကျေးရွာတစ်ချို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

လေကြောင်းကလည်း ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ကမ်းခြေအနီးတဝိုက်မှာ စစ်အင်အားဖြည့်တင်းထားတဲ့ စစ်ကောင်စီ နေဗီတွေက စစ်ဘေးရှောင်ဖို့အတွက် ထွက်သွားကြတဲ့ ကျေးရွာတစ်ချို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုံးကျွိန်ရေတပ်ဌာနခွဲတို့ရှိပြီးတော့ အဲဒီတပ်စခန်းတွေကို စစ်ကောင်စီက နေဗီ၊ ဇက်သင်္ဘော အစီးအရေအတွက် ၃၀ နီးပါးခန့်ဖြည့်တင်းထားတာလည်းဖြစ်ပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့၊ သံစစ်မြစ်တစ်လျှောက် မှာ တိုက်ခိုက်ရေး ဇက်သင်္ဘောအစီးအရေ ၁၀ စီးခန့် စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး ကျေးရွာတစ်ချို့ကိုလက်နက်ကြီးတွေလည်း ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ ကျောက်ဖြူမြို့ရှိ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဓညဝတီရေတပ်စခန်းက နေဗီတွေ၊ ဇက်သင်္ဘောတွေ တစ်ချို့ ကျောက်ဖြူမြို့ပတ်ပတ်လည်လည်မှာ စစ်ရေးလှုပ်ရှားနေကြပါတယ်။ အစီးအရေအတွက်ကတော့ ၁၀ စီးလောက်တော့ရှိမယ်။ မလကျွန်းကျေးရွာဖက်တွေကိုလည်း စစ်ကောင်စီ နေဗီတစ်ချို့ရောက်နေကြတယ်လို့ ကြားရတယ်။ အဲဒီ နေဗီတွေကပဲ ကျေးရွာတွေကို ပစ်ခတ်နေတာဖြစ်တယ် ” လို့ ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ် တစ်ဦးကပြောပါတယ်။

စစ်ကောင်စီနေဗီက လက်ရှိပစ်ခတ်နေတဲ့ကျေးရွာတွေဟာ ကျောက်ဖြူမြို့နယ်ရှိ ဇင်ချောင်း၊ စစ်တော၊ သိုင်းချောင်းနဲ့ ပြိုင်းစေ့ကေ စတဲ့ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ ဖြစ်တယ်လို့ AA နဲ့ နီးစပ်တဲ့ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဲ့ဒီ ကျေးရွာတွေဟာ အာရက္ခတပ်တော် AA က ကျောက်ဖြူမြို့ပေါ်ကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ဘေးလွတ်ရာနေရာတွေနဲ့ တခြားမြို့နယ်အသီးသီးကို စစ်ဘေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

အလားတူ စစ်ကောင်စီဟာ ကျောက်ဖြူမြို့အတွင်း အရပ်သား ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတယ်လို့လည်း ကျောက်ဖြူဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီကတော့ ကျောက်ဖြူမှာ အရပ်ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေပါတယ်။ သူတို့ကတော့ ဘုန်းတော်ကြီးကျောင်းတွေကိုလည်း ကြဲချတယ်။ စစ်ဘေးရှောင်တွေ ခိုလှုံနေကြတဲ့ နေရာတွေကို ဗုံးကြဲချပါတယ်။ AA စစ်ရေးရှေ့ဆက်မတိုးအောင်အတွက် သူတို့က အဲဒီလို့လုပ်နေတာ ဖြစ်တယ်” လို့ ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းကလည်း ကျောက်ဖြူမြို့နယ်ရှိ ကျောက်ပြောက်ကျေးရွာက ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာရောက်ကြဲချသွားတဲ့အတွက် စစ်ရှောင်နေတဲ့ သက်တော် (၉၃) နှစ်အရွယ် ဆရာတော်တစ်ပါးနဲ့ ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ ကျောင်းဆောင်တစ်ချို့မှာလည်း လုံးဝပျက်စီးသွားတယ်လို့ သိရပါတယ်။

အလားတူ ဇူလိုင် ၂၂ ရက်နေ့၊ ညနေပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ ကုလဘာကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၅ လုံးကြဲချခဲ့ပြီး ရွာသားဖြစ်တဲ့ ဦးမောင်သန်းရွှေ အသက် (၅၅)မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီ ဂျက်ဖိုက်တာဟာ ကုလဘာကျေးရွာအနီးက လယ်ကွင်းပြင်ကို ၁ လုံး၊ လမ်းမကြီးထက်ကို ၁ လုံး၊ ဆေးခန်းအနီးကို ၁ ၊ ကားလမ်းဘေးရှိ လယ်ကွင်းပြင်ကို ၂ လုံး စုစုပေါင်း ၅ လုံးကြဲချခဲ့တာလည်း ဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AAတို့ တိုက်ပွဲဟာ‌နေရာ၃ခုမှာ ပြင်းထန်နေတာဖြစ်ပြီးတိုက်ပွဲအခြေအနေဟာလည်း လက်ရှိမှာ ၅ လ ကျော်အထိ ကြာမြင့်လာခဲ့ပြီး ဖြစ်ပါတယ်။

1 comment

66B June 10, 2026 - 6:57 am

Bạn có thể chơi lô đánh đề từ 1.000+ kỳ quay thưởng đang diễn ra liên tục và hốt tiền cực nhanh chỉ sau 1 giây. 66B cung cấp nhiều kiểu cược xổ số khác nhau như: Bao lô, đánh đề, 3D, lô trượt, 4 càng giải Nhất,… đặc biệt là Up/Down, Reverse, Big/Small,… vừa mới “ra lò”. TONY06-05

Reply

Leave a Comment

Latest Post

Latest Post