Sunday, October 25, 2026
Home » စစ်ကောင်စီက မိုးကုတ် ပကဖရုံးစိုက်ခဲ့ရာ နေရာအနီးကို ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်

စစ်ကောင်စီက မိုးကုတ် ပကဖရုံးစိုက်ခဲ့ရာ နေရာအနီးကို ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်

1 92
92

အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူအနည်းဆုံး ၁၂ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်မြို့အနောက်ပိုင်းရှိ အရင်က မိုးကုတ်ပကဖ ရုံးထိုင်ရာ လူနေရပ်ကွက်ထဲကို စစ်ကောင်စီက ဗုံး၂လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ အနည်းဆုံး ၁၂ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး အပျက်အစီးများတယ်လို့ ဒေသခံတစ်ဦးက BBMကိုပြောပါတယ်၊၊

ဩဂုတ်လ ၂ရက်နေ့ မနက်ပိုင်း ၈နာရီ ၂၂မိနစ်ခန့်က စစ်ကောင်စီက မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်းဘာ ကွက်သစ် မိန်းလမ်းမကြီးပေါရှိ ဦးရွှေမောင်းဆိုင်ဘေးရှိ အင်္ကျီဆိုင်ကို ပေါင် ၅၀၀ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ အနည်းဆုံး ၁၂ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး အပျက်အစီးများတယ်လို့ သိရပါတယ်။

“ဒီရက်ပိုင်း လေယာဉ်တွေ တအားဝဲတယ်ဗျ။ လာကြဲတာ ဒီမနက် ၈နာရီခွဲခါနီးလောက်ပေါ့၊၊ ပေါင် ၅၀၀ ၂လုံး ကြဲချသွားတာဗျ၊၊ အကုန် အပိုင်းပိုင်းပြတ်ကုန်တာ” လို့ ဒေသခံ တစ်ဦးက BBM ကိုပြောပါတယ်၊၊

ဇူလိုင်လ ၁၃ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီက မိုးကုတ်မြို့အရှေ့ပိုင်း ပန်းမထိပ်‌ကျေးရွာကို ပေါင်၅၀၀ဗုံးသီးတွေကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၇လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၂၆ရက် ညနေပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်း ရွှေလိပ်ပြာ ဟိုတယ်ကိုပေါင်၂၅၀ ဗုံး၂လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား၁ဦး သေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဟိုတယ် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ဒီကောင်တွေ တော်တော်ယုတ်မာပြီး လူမဆန်တဲ့ကောင်တွေပဲဗျာ။ ဒီလို ပြည်သူအပေါ် ယုတ်မာရက်စက်တဲ့သူ တိုင်းပြည်ကို အုပ်ချုပ်ရင် ၅ပါးမှောက်မှာပဲဗျ” လို့ ဒေသခံ တစ်ဦးက BBMကို ပြောပါတယ်၊၊

လွန်ခဲ့တဲ့ ၃ရက် ဇူလိုင်လ ၂၉ရက်နေ့ကလည်းတိုက်ပွားခြင်းမရှိဘဲ လေယာဉ်တွေနဲ့ ၃ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ဦးသေဆုံးပြီး ၁၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်၊၊

1 comment

188v August 3, 2026 - 12:43 pm

Nếu đang tìm nơi dễ thao tác thì có thể thử 188v . TONY08-03

Reply

Leave a Comment

Latest Post

Latest Post