Friday, August 28, 2026
Home » အီရန်အပေါ် တိုက်ခိုက်မှုများကို တရုတ်ရှုတ်ချ၊ အပစ်အခတ်ရပ်စဲရေးနှင့် ဆွေးနွေးမှုများပြုလုပ်ရန် တိုက်တွန်း

အီရန်အပေါ် တိုက်ခိုက်မှုများကို တရုတ်ရှုတ်ချ၊ အပစ်အခတ်ရပ်စဲရေးနှင့် ဆွေးနွေးမှုများပြုလုပ်ရန် တိုက်တွန်း

2 172
172

အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေဟာ လက်ခံနိုင်စရာမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဒီနေ့ မတ်လ ၁ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒေသတွင်း ပဋိပက္ခ ပိုမိုကျယ်ပြန့်လာမှုကို ကာကွယ်ဖို့အတွက် ချက်ချင်းအပစ်အခတ်ရပ်စဲရေးနဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

“အချုပ်အခြာအာဏာပိုင် ခေါင်းဆောင်တစ်ဦးကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်တာ နဲ့ အစိုးရပြောင်းလဲဖို့ လှုံ့ဆော်တာကို “လက်ခံနိုင်စရာမရှိဘူး”လိူ့ ဝမ်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်ကို ဖုန်းနဲ့ ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၈ရက် စနေနေ့အစောပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ကို တိုက်ခိုက်ခဲ့ပြီး အီရန်ရဲ့ အနှိုင်းမဲ့ခေါင်းဆောင် အလီခါမေနီကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံသားတွေအနေနဲ့ အခွင့်အရေးရတုန်း အမိအရ ဆုပ်ကိုင်ပြီး အစိုးရကို ဖြုတ်ချဖို့ တိုက်တွန်းခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ စစ်ဆင်ရေးတွေကို ချက်ချင်းရပ်တန့်ပြီး ဆွေးနွေးမှုကို အမြန်ဆုံးပြန်လည်ရောက်ရှိစေလိုကြောင်း ဝမ်က ပြောကြားခဲ့ပါတယ်။

မတ်လ ၁ရက် တနင်္ဂနွေနေ့မှာ အစ္စရေးနိုင်ငံရှိ တရုတ်သံရုံးက တရုတ်နိုင်ငံသားတွေကို နိုင်ငံအတွင်းရှိ ပိုမိုဘေးကင်းသောနေရာတွေကို ရွှေ့ပြောင်းဖို့ ဒါမှမဟုတ် တာဘာနယ်စပ်ဖြတ်ကျော်ဂိတ်မှတစ်ဆင့် အီဂျစ်ကို ထွက်ခွာဖို့ အကြံပြုခဲ့ပါတယ်။

ဒါ့အပြင် အီရန်ရှိ တရုတ်နိုင်ငံသားတွေကို “အမြန်ဆုံးထွက်ခွာဖို့” တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့ပြီး အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ တူရကီနဲ့ အီရတ်ကိုသွားရောက်နိုင်တဲ့ လမ်းကြောင်း ၄ခုကို ဖော်ပြခဲ့ပါတယ်။

အီရန်က ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့ပေမဲ့ ပင်လယ်ကွေ့မြို့တွေရှိ အခြားနေရာတွေကိုလည်း တိုက်ခိုက်ခဲ့ပါသေးတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကြောင့် တရုတ်နိုင်ငံသားတွေလည်း ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် အချို့မှာ ပိတ်မိနေခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံသားတွေအနေနဲ့ စစ်ဖြစ်နေတဲ့ ဒေသတွင်းကို လုံးဝခရီးသွားလာခြင်းမပြုဖို့ သတိပေးခဲ့ပါတယ်။

Reference – Reuters

Photo -Gettry Image, Reuters

2 comments

Joann June 30, 2026 - 2:36 pm

Hello! I just wanted to ask iff yoou ever ave any treouble witrh hackers?

My lasdt blo (wordpress) wwas hacked aand I ended uup losiing may
months off hrd workk ddue too nno bback up. Do youu hafe
anny methods tto preventt hackers? ofvd9wuaptj0uibsc6tv

Feeel frese tto sujrf to mmy wweb pagee gozatube.com

Reply
zimerov ertover August 5, 2026 - 6:40 pm

I genuinely value your piece of work, Great post.

Reply

Leave a Comment

Latest Post

Latest Post