ပြည်ပနိုင်ငံများကိုရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရန် စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်ကရက်ထပ်တိုးပေးထားတယ်လို့ ထုတ်ပြန်ကြော်ငြာထားပါတယ်။
၂၀၂၅ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ပြည်ပနိုင်ငံရောက်မြန်မာနိင်ငံသားများကို ကြိုတင်မဲပေးရန် ရက်ထပ်တိုးပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
“စိတ်ကို မဝင်စားတာ။ အရင်က ဆိုရင်တော့ ပေးချင်လွန်းလို့ကို မဲစာရင်းကိုစောင့်ပြီး ကိုယ့်နာမည်စာရင်းပါ၊ မပါ စောင့်ကြည့်ပြီးရင်ခုန်ရတယ်။ နာမည်စာရင်းပါလာရင် Online Q နံပါတ်ယူကြနဲ့၊ တက်ကြွကြတယ်။ အမှန်အတိုင်းပြောရင် ရက်တိုးတာ သိလည်း စိတ်လည်းဝင်စားမနေဘူး။ ထင်တာက လာပေးတဲ့သူများအောင်လို့။ အခုက ဘယ်သူမှ စကားထဲတည့်ပြောနေတာ မတွေ့ကြရဘူး”လို့ စက်ာပူနိင်ငံရောက်မြန်မာနိင်ငံသားတစ်ဦးက BBM ကိုပြောပါတယ်။
“”ကိုယ့်နိုင်ငံက ရွေးကောက်ပွဲဆိုပေမယ့် ဒီစစ်အာဏာရှင်လုပ်တဲ့ အတုအယောင်ရွှေးကောက်ပွဲကို စိတ်မဝင်စားဘူး အားလည်းမပေးဘူး ကြိုတင်မဲလည်းမထည့်ဘူး””လို့ ထိုင်းနိုင်ငံရောက် စက်ရုံအလုပ်သမားတစ်ဦးကလည်း ပြောပြပါတယ်။
“”ရွှေးကောက်ပွဲ လည်းစိတ်မဝင်စားဘူး အဓိကအမေစုအမြန်ဆုံးပြန်လွတ်ဖို့နဲ့ အမြန်ဆုံးကျန်းမာရေးကောင်းဖို့ပါပဲ၊ ဒီမှာတော့ မြန်မာနိုင်ငံသားတွေစုပြီးအမြဲဆန္ဒပြကြတယ်””လို့ တောင်ကိုရီးယားရောက် အလုပ်သမားတစ်ဦးကလည်း ပြောပြပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာလကုန်ခါနီးမှာကျင်းပမယ်လို့ကြော်ငြာထားပြီး ပြည်ပနိုင်ငံရောက်မြန်မာနိုင်ငံသားများကို ကြိုတင်မဲပေးဖို့ မြန်မာသံရုံးများမှတဆင့်ဖောင်များထုတ်ပေးထားတယ်လို့ သိရပါတယ်။
5 comments
Thanks for sharing. I read many of your blog posts, cool, your blog is very good.
Đối với những ai coi trọng sự bảo mật, Tải App 188V là điểm đến lý tưởng. Hệ thống tường lửa đa tầng giúp thông tin cá nhân của bạn luôn được an toàn. TONY06-05
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me? https://www.binance.bh/register?ref=MBLCVVZG
Your article helped me a lot, is there any more related content? Thanks!
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.