Tuesday, October 13, 2026
Home » ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီက လေကြောင်း ဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး တိုက်ပွဲ ရှေ့တိုးလာနိုင်ခြင်းမရှိသေး

ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီက လေကြောင်း ဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး တိုက်ပွဲ ရှေ့တိုးလာနိုင်ခြင်းမရှိသေး

2 102
102

ကျောက်မဲမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်း ဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး တိုက်ပွဲ ရှေ့တိုးလာနိုင်ခြင်းမရှိသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“စက်တင်ဘာလ ၂၅ ရက်နေ့ မနက် ၈ နာရီ ဝန်းကျင်ခန့်ကလည်း လေကြောင်းဗုံး ကြဲသံကြားတယ်။ ဗုံးချသွားတာပဲ သိတယ်။ ဘယ်နား ကျလဲ မသိဘူး။ ကျောက်မဲမြို့ထဲတော့မဟုတ်ဘူး”

လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောတယ်။ စစ်ကောင်စီရဲ့ ထောက်လှမ်းရေး ဖမ်းမိတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စစ်ထောက်လှမ်းရေး တစ်ယောက်ကို ဖမ်းမိဖို့ဆိုတာ လွယ်တဲ့ အလုပ်မဟုတ်တာကြောင့် အတည်ပြုဖို့မဖြစ်နိုင်ကြောင်းနဲ့ တိုက်ပွဲက နားအိုက်ခန့်မှာပဲ ဟိုပစ်၊ ဒီပစ်နဲ့ နားလိုက် ပစ်လိုက်နဲ့ တန့်နေတာ မကျော်လာသေးဘူးလို့ သူက ပြောပါတယ်။

“စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က မိုင်းတင်းနဲ့ စခန်းသာ ကြားက ပင်တီးရွာရှိ ဘုန်းကြီးကျောင်းမှာ လေကြောင်း ဗုံး ထိတာ။ မိန်း လမ်မ မဟုတ်ဘူးလေ။ စခန်းသာ – မိုင်းတင်း ဖြတ်လမ်းလေ။”

လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။ ကျောက်မဲကို ရဖို့လည်း ကြာမယ့် သဘောရှိပြီး စစ်တပ်က ထိုးစစ်ဆင်တာ နှေးနေတာတွေ့ရကြောင်း၊ နောင်ပစ်ရွာကတော့ ပြီးခဲ့တဲ့ ၅ ရက်ခန့်က စစ်ကောင်စီတွေ ရသွားခဲ့ပြီး စစ်ကောင်စီတွေ ဂုတ်တွင်း အတွက် လုံခြုံသွားတဲ့ သဘောရှိတယ်လို့ သူက ပြောပါတယ်။

နောင်ပစ်ကို ပြန်လာတဲ့ စစ်ရှောင် ဒေသခံ နှစ်ဦးက စက်တင်ဘာလ ၂၂ ရက်က မိုင်းနင်းမိလို့ သေဆုံးသွားတာရှိတာကြောင့် ဒေသခံတွေက မိုင်းအန္တရာယ်ကို စိုးရိမ်နေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

“နောင်ပိန်ရွာထဲ စစ်ရှောင်တွေကို ပေးမဝင် ပေမယ့် သူခိုးကျတော့ ဘယ်လို ဝင်လဲ မသိဘူး။ သူခိုး ၈၀ လောက်ကို စစ်တပ်က ဖမ်းထားတယ်လည်း ပြောတယ်။ သူခိုးတွေက မရှောင်ပဲ နောင်ပိန်ရွာထဲမှာပဲ နေနေကြတဲ့ သဘော ဟုတ်တယ်။ နောင်ပိန်မှာ ကျန်ခဲ့တဲ့သူတွေထဲ အများစု သူခိုးတွေဖြစ်ဖို့များပြီး တချို့ကျတော့လည်း စစ်တပ်ကလည်း ယူသလို ပြောနေကြတယ်။ သေချာတော့ အတည်မပြုရဲဘူး”

လို့ နောင်ပိန် ဒေသခံ တစ်ဦးကလည်း ပြောပါတယ်။ နောင်ပိန်မှာလည်း စစ်ကောင်စီ ထိန်းချုပ်ပြီးနောက် စစ်ရှောင်ဒေသခံတွေကို ဖောက်ထွင်းခိုးယူခံနေရတာဖြစ်ပြီး ကျောက်မဲမြို့ပေါ်မှာလည်း လုံခြုံမှုမရှိတော့ပဲ ဖောက်ထွင်းခိုးယူနေသူတွေ များပြားလာနေတာကြောင့် ဒေသခံ ပြည်သူတွေကတော့ အဖက်ဖက်က နစ်နာနေကာ တချို့အိမ်တွေက ဘာမှ မကျန်တော့ပဲ သူဌေးတွေတောင် ငြီးကုန်ပြီး အခြေခံ လူတန်းစားတွေက ပို ဆိုးဆိုးဝါးဝါး ကြုံနေကြရတယ်လို့ ဆိုပါတယ်။

ကျောက်မဲနဲ့ သီပေါ မြို့တွေမှာ စစ်ကောင်စီက စေလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) နဲ့ သတင်းပေး (ဒလန်) ၁၀ ဦးကျော်ကို TNLA ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးချိန် ဖမ်းဆီးမိတယ်လို့ PSLF/ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိထားတဲ့သူတွေက TNLA ထိန်းချုပ်နယ်မြေထဲ ခရီးသွား၊ ဆိုင်ကယ်၊ အိမ်ကား၊ သူဌေးယောင်၊ သူတောင်းစားယောင် ဝင်ရောက်ပြီး ဂိတ်များ၊ စခန်းများ၊ လူအင်အား/လက်နက်အင်အား စုံစမ်းတာတွေ၊ လေကြောင်းပစ်ခတ်ပြီးနောက် ထိရောက်မှု အစီရင်ခံတာတွေ၊ ထောက်ပို့လမ်း လမ်းကြောင်း စုံစမ်းတာတွေ Viber, Facebook, WeChat, Telegram တွေကနေ သတင်း ပို့တာတွေ လုပ်တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၂၄ နေ့လယ် ၁ နာရီ ၈ မိနစ်က ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာမှာ စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံး နှစ်လုံး လေကြောင်းကနေ ကြဲချတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်း၊ ဆွမ်းစားဆောင် ခိုက်ပျက်စီးသွားခဲ့ သလို ဒါ့အပြင် စက်တင်ဘာ ၂၃ နေ့ကလည်း ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာမှာ တိုက်ပွဲမရှိပဲ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်လို့ ဒေသခံ အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး ဒေသခံ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နမ့်ဆော့ကျေးရွာမှာလည်း ပေါင် ၂၅၀ ဗုံး တစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပြောင်းဖူးခြံ ပျက်စီးသွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

စက်တင်ဘာလ အတွင်း စစ်ကောင်စီက လေကြောင်းနဲ့ ကျောက်မဲမြို့နယ်မှာ ၆ ကြိမ်၊ သီပေါမြို့နယ်မှာ ၁ ကြိမ်၊ မိုးကုတ်မြို့နယ်မှာ ၂ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း ဗုံး ၂၁ လုံးကြဲချခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

Video-PSLF/TNLA

#BBM#News#UpdateNews#NorthernShanState#Junta#AirStrike

2 comments

Binance推荐码 May 28, 2026 - 8:37 am

Your point of view caught my eye and was very interesting. Thanks. I have a question for you.

Reply
зареструватися на бнанс June 12, 2026 - 8:52 pm

Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.

Reply

Leave a Comment

Latest Post

Latest Post