Wednesday, August 5, 2026
Home » ရခိုင်ပြည်နယ်အတွင်းမှာ ထွက်ပြေးနေကြတဲ့ ARSA အဖွဲ့ဝင်တွေကို AA က လိုက်လံရှင်းလင်းနေ

ရခိုင်ပြည်နယ်အတွင်းမှာ ထွက်ပြေးနေကြတဲ့ ARSA အဖွဲ့ဝင်တွေကို AA က လိုက်လံရှင်းလင်းနေ

🟥မောင်တောမြို့ ဒေသခံ ၆ ဦး ARSA အဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ AA ပြော

ရခိုင်ပြည်နယ်အတွင်းမှာ ထွက်ပြေးနေကြတဲ့ မွတ်ဆလင်လက်နက်ကိုင် ARSA အဖွဲ့ဝင်တွေကို အာရက္ခတပ်တော် AA က လိုက်လံရှင်းလင်းနေတယ်လို့ AA က ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော် AA ဟာ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ဝင်ပြေးသွားကြတဲ့ မူဆလင်လက်နက်ကိုအဖွဲ့ ARSA တွေကို နယ်စပ်ရေးရာ သံတမန်ရေးအရ နယ်မြေဖြတ်ကျော် ရှင်းလင်းဖို့ခက်ခဲနေပေမဲ့လည်း အာရက္ခဒေသအတွင်းမှာ ထွက်ပြေးနေကြတဲ့ ARSA အဖွဲ့ဝင်တွေကို ပြည်သူတွေလုံခြုံစေဖို့အတွက် အာရက္ခတပ်တော် AA က လိုက်လံရှင်းလင်းနေတာလည်း ဖြစ်ပါတယ်။

မူဆလင်လက်နက်ကိုင်အဖွဲ့ ARSA ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မှတ်တိုင် (၅၆) နဲ့ (၅၇) အကြား ပွိုင့် (၆၀၁) ကုန်းရှိ AA ရဲ့ နယ်စပ်လုံခြုံရေးတပ်စခန်းနဲ့ ဒုံးညိုရွာအနီးရှိ ဒုံးညိုစခန်းတို့ကို သိမ်းပိုက်ဖို့ရည်ရွယ်ချက်နဲ့ ARSA မူဆလင်လက်နက်ကိုင်အဖွဲ့တို့ အခြေစိုက်ရာ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက နည်းလမ်းမျိုးစုံနဲ့ အချိန်ယူ ဝင်ရောက်မှုတွေ ရှိနေကြတယ်လို့လည်း သိရပါတယ်။

မူဆလင် လက်နက်ကိုင်အဖွဲ့ ARSA ဟာ အာရက္ခတပ်တော် AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေစဥ်ကာလအတွင်းမှာ နယ်စပ်လုံခြုံရေးစခန်းကို သွားရာလမ်းတစ်လျှောက်ရှိ တွေ့သမျှမူဆလင်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်စွန့်ပစ်ထားခဲ့ကြတယ်လို့ပြတ်လပ်တဲ့ နေရာတွေမှာ စွန့်ပစ်ထားခဲ့ကြတယ်လို့လည်း သိရပါတယ်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ ညနေ (၃) နာရီခန့်အချိန်မှာလည်း အာရက္ခတပ်တော် AA ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ်စပ်မှာ လုံခြုံရေးဆောင်ရွက်နေစဥ်အတွင်း မောင်တောမြို့နယ်၊ အထက်အင်းချောင်းရွာရဲ့ အနောက်မြောက်ဘက် မီတာ ၇၇၀ ခန့်အကွာမှာရှိတဲ့ ငှက်ပျောတောအုပ်ထဲနေရာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်း ၆ လောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း AA က ဆိုထားပါတယ်။

ငှက်ပျော တောအုပ်ထဲမှာ အလောင်းတစ်လောင်းစီကို နေရာ (၂) ခုနဲ့ လည်းကောင်း၊ နှစ်လောင်းစီကို နေရာ (၂) ခုနဲ့ လည်းကောင်း အလောင်း (၆) လောင်းကို နေရာ (၄) ခု ခွဲပြီးတော့ စွန့်ပစ်ထားခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဆိုပါ ရုပ်အလောင်းတွေဟာ အာရက္ခတပ်တော် AA ရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ဖို့လာကြတဲ့ မူဆလင်လက်နက်ကိုင်အဖွဲ့ ARSA ရဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာကို ခံလိုက်ရတဲ့ မောင်တောနယ်စပ်က တမန်းသားကျေးရွာနဲ့ ဒုံးညိုကျေးရွာက ပျောက်ဆုံးနေကြတဲ့ ကျေးရွာသားတွေအနက် ၆ ဦးရဲ့ ရုပ်အလောင်းတွေသာ ဖြစ်တယ်လို့ AA က ဆိုပါတယ်။

အဲဒီအချိန်ကာလအတွင်းမှာ မောင်တောနယ်စပ်ကကျေးရွာသားတွေဟာ အာရက္ခတပ်တော် AA ရဲ့ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို လူပျောက်တိုင်တန်းလာခဲ့တာဟာ ၁၀ ဦးထက်မနည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမအပတ်ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားကျေးရွာက ကုန်သည် ၅ ဦး ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ အင်းချောင်းကျေးရွာကို သွားရာလမ်းခုလတ်တစ်နေရာမှာ ARSA အဖွဲ့ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတာလည်း ဖြစ်ပါတယ်။

မောင်တောနယ်စပ်တစ်လျှောက်မှာ ARSA အဖွဲ့ရဲ့ လှုပ်ရှားမှုကြောင့် ဒေသခံကုန်သည်တွေနဲ့ ခရီးသွားတွေမှာ ကုန်တင်ကုန်ချပြုလုပ်ဖို့ စိုးရိမ်နေကြရတယ်လို့လည်း သိရပါတယ်။

မူဆလင်လက်နက်ကိုင်အဖွဲ့ ARSA၊ RSO ဟာ အာရက္ခ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသက အပြစ်မဲ့ အာရက္ခမိဘပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို ခြိမ်းခြောက်နေတာကြောင့် နယ်စပ်ဒေသရှိ မိဘပြည်သူတွေအနေနဲ့ တောတောင်ထဲရှိ လူပြတ်လပ်တဲ့နေရာတွေကို တစ်ဦးတည်း (သို့) လူအနည်းစုနဲ့ သွားလာကြတာကို အတတ်နိုင်ဆုံး မပြုလုပ်ကြဖို့ လိုအပ်တယ်လို့လည်း AA က ဆိုထားပါတယ်။

ဒါအပြင် ကျန်းမာရေးကိစ္စတွေအပါအဝင် မဖြစ်မနေသွားလာရမဲ့ အရေးကြီးကိစ္စတွေ ရှိပါကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာ အနီးစပ်ဆုံးနေရာတွေကို သတင်းပေးပို့ပြီးမှ သွားကြဖို့ လိုအပ်တယ်လို့လည်း AA က တိုက်တွန်းထားပါတယ်။

1 comment

开设Binance账户 August 3, 2026 - 11:40 am

Thanks for sharing. I read many of your blog posts, cool, your blog is very good. https://www.binance.com/futures/ref?code=QCGZMHR6

Reply

Leave a Comment

Latest Post

Latest Post