Wednesday, August 5, 2026
Home » ကျောက်ဖြူမြို့၊ ကုလာဘာကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွား

ကျောက်ဖြူမြို့၊ ကုလာဘာကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွား

🟥စစ်ကောင်စီတပ်က အရာရှိ (၂) ဦးအပါအဝင် အများအပြားသေဆုံး

ကျောက်ဖြူမြို့နယ်၊ ကုလာဘာကျေးရွာအနီးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ထိုးစစ်ဆင်လာတာကြောင့် အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ ၂ ဦးအပါအဝင် တပ်သားအများအပြားကျဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီဟာ မလကျွန်းကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့လက်ခံ သိုလှောင်ပို့ဆောင်ရုံ (OGT) စက်ရုံအနီးအနားရှိ ကာကင်းစခန်းတွေကနေပြီးတော့ အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လိပ်ခမော်၊ ရွာသစ်၊ ပြင်ချေ၊ ငှက်ပျောချောင်းနဲ့ ကုလာဘာကျေးရွာအနီးကို စစ်ကြောင်းထိုးလာနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ရာနဲ့ချီပါတဲ့စစ်ကြောင်းတစ်ကြောင်းဟာ အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပြင်ရှည်နဲ့ ကုလားဘာကျေးရွာအနီးကို ရောက်တဲ့အချိန်မှာ AA က ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က အကျအဆုံးများပြားခဲ့ရတာ ဖြစ်တယ်လို့ AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်း မြစ်တစ်ဦးက BBM ကို ပြောပါတယ်။

“စစ်ကောင်စီတပ်က အင်အားအများအပြားပါတဲ့ စစ်ကြောင်းတစ်ကြောင်း ကုလားဘာရွာဖက်ကို ထိုးလာတာပါ။ အဲဒီမှာ AA က ကြားဖြတ်တိုက်ခိုက်တာတွေ ၊ စနိုက်ဘာတွေနဲ့ လှမ်းပစ်ခတ်တာတွေကြောင့် စစ်ကြောင်းမှူး ၂ ဦး ကျတယ်လို့သိရတယ်။ နောက်ပြီး စကစတပ်ဖွဲ့ဝင်တွေလည်း အများအပြားသေဆုံးတာတွေရှိပါတယ်”

လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေဟာလည်း အကျအဆုံးများစွာနဲ့ ကစဥ့်ကလျားဆုတ်ခွာထွက်ပြေးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို လေကြောင်းပစ်ကူ၊ အမှတ် ၃၂ ရဲတပ်ရင်းက လက်နက်ကြီး ပစ်ကူတွေအပြင် သံဇစ်မြစ်တစ်လျှောက်မှာ သွားလာလှုပ်ရှားနေကြတဲ့ စစ်သင်္ဘောတွေကနေပြီးတော့လည်း လက်နက်ကြီးပစ်ကူတွေ လှမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်ကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ ၇ လကျော် ကြာမြင့်လာခဲ့ပြီးလည်း ဖြစ်ပါတယ်။

ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်၊ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုံးကျွိန်ရေတပ်ဌာနခွဲ တို့ရှိပြီး ရေတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုဖြစ်တဲ့အပြင် တရုတ်စီမံကိန်းများစွာတည်ရှိနေတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်ရှိ တိုက်ပွဲအတွင်းမှာ မြို့ပေါ်နဲ့ ကျေးရွာတွေက AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်ဘေးတိမ်းရှောင်လာသူဦးရေ ငါးသောင်း (၅၀,၀၀၀) ကျော်အထိ ရှိလာနေပြီး စားဝတ်နေရေး၊ နေထိုင်ရေးနဲ့ ကျန်းမာရေး လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း သိရပါတယ်။

2 comments

binance Registrera dig June 6, 2026 - 2:44 pm

Thanks for sharing. I read many of your blog posts, cool, your blog is very good.

Reply
binance skapa konto July 10, 2026 - 3:54 am

Your point of view caught my eye and was very interesting. Thanks. I have a question for you. https://www.binance.bh/register?ref=QCGZMHR6

Reply

Leave a Comment

Latest Post

Latest Post