Wednesday, October 14, 2026
Home » အာဂျင်တီးနားနဲ့ စပိန်အသင်းတို့ကစားမယ့် Finalissima ပွဲစဉ် မသေချာ

အာဂျင်တီးနားနဲ့ စပိန်အသင်းတို့ကစားမယ့် Finalissima ပွဲစဉ် မသေချာ

0 191
191

လက်ရှိအရှေ့အလယ်ပိုင်းအခြေအနေကြောင့် မတ်လအတွင်းကစားမယ့် အာဂျင်တီးနားနဲ့ စပိန်အသင်းတို့ရဲ့ Finalissima တို့ပွဲစဉ်မသေချာကြောင်း သိရပါတယ်။

Finalissima ပွဲစဉ်ဟာ ဥရောပချန်ပီယံနဲ့ တောင်အမေရိကချန်ပီယံအသင်း ယှဉ်ပြိုင်ကစားတာဖြစ်တယ်။

ယင်းပွဲစဉ်ကို လာမယ့် မတ်လ ၂၇ ရက်မှာ ကာတာနိုင်ငံ၊ ဒိုဟာမြို့က Lusail Stadium ကျင်းပဖို့ စီစဉ်ထားတာပါ။

ကာတာဘောလုံးအဖွဲ့ချုပ်ဟာ နိုင်ငံအတွင်းရှိ ဘောလုံးပြိုင်ပွဲအားလုံးကို တနင်္ဂနွေနေ့က ရပ်ဆိုင်းခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)နဲ့အတူ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကာတာမြေမှာပဲ ကာတာအသင်းနဲ့ မတ်လ ၃၁ ရက်မှာ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပါတယ်။

Leave a Comment

Latest Post

Latest Post