Thursday, August 6, 2026
Home » စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်လို့ ကျောက်ဖြူဒေသခံတစ်ဦး သေဆုံး

စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်လို့ ကျောက်ဖြူဒေသခံတစ်ဦး သေဆုံး

1 46

စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီက သေနတ်နဲ့ လှမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ဒေသခံတစ်ဦး ကျည်ထိမှန်ကာ သေဆုံးသွားတယ်လို့ ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့၊ ညနေ ၃ နာရီကျော်အချိန်မှာ ငါးဖမ်းဖို့သွားတဲ့ ကျောက်ဖြူဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ လှမ်းပြီး ပစ်ခတ်ခဲ့တဲ့အတွက် တစ်ဦးမှာ ကျည်ထိမှန်ကာ သေဆုံးသွားတာလည်း ဖြစ်ပါတယ်။

သေဆုံးသွားတဲ့သူမှာ ကျောက်ဖြူမြို့နယ်၊ သပြုတောင်ကျေးရွာက အသက် ၄၁ နှစ်အရွယ် ဦးမောင်သန်းရီလည်း ဖြစ်ပါတယ်။

ဦးမောင်သန်းရီနဲ့အတူ ဦးမောင်ကြည်ဝင်းတို့ နှစ်ဦးဟာ ကျောက်ဖြူမြို့နယ်၊ င/ပုချွိန်ကျေးရွာကနေပြီးတော့ သဖန်ခါးချောင်းကမ်းနားကို လှေငယ်တစ်စီးနဲ့ ငါးဖမ်းဖို့ထွက်လာတဲ့အခါ စစ်ကောင်စီတပ်သားတွေက မြင်ပြီးတော့ သေနတ်နဲ့ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေက ပစ်ခတ်လိုက်တဲ့ကျည်ဟာ ဦးမောင်သန်းရီရဲ့ဘယ်ဖက်ရင်အုံတည့်တည့်ကို ကျည်ထိမှန်သွားပြီး နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ဦးမောင်သန်းရီရဲ့ ရုပ်အလောင်းကို သူနဲ့အတူ ပါလာတဲ့ ဦးမောင်ကြည်ဝင်းက ဆွဲယူနေစဥ်အတွင်းမှာလည်း စစ်ကောင်စီတပ်က နောက်ထပ် သေနတ်နဲ့ ၃ ကြိမ် ထပ်မံပစ်ခတ်မှုကြောင့် ဦးမောင်ကြည်ဝင်း ဟာလည်း အဲဒီနေရာကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

” သူတို့နှစ်ယောက်ဟာ စစ်ကောင်စီတပ်နဲ့ တွေ့ပြီးတော့ ပစ်ခတ်ခံရတာပါ။ စစ်ကောင်စီကတော့ အဲဒီတဝိုက်မှာ စစ်ကြောင်းထိုးတာတွေ ရှိတယ်လို့သိရပါတယ်။ နှစ်ယောက်မှာ တစ်ယောက်တော့ သေဆုံးသွားပါတယ်”

လို့ ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောပါတယ်။ ကျောက်ဖြူမြို့နယ် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဟာ အကျအဆုံးတွေများပြားနေတာကြောင့် အပြစ်မဲ့အရပ်သားတွေကို ဦးတည်ကာ ပစ်မှတ်ထား တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့၊ ညနေ ၇ နာရီ ကျော် အချိန်မှာလည်း ဇင်ချောင်းကျေးရွာက ပင်လယ်ပြင်မှာ စစ်ရေးအရလှုပ်ရှားသွားလာနေတဲ့ စစ်ကောင်စီနေဗီတစ်စီးဟာ ဇင်ချောင်းကုန်းဘောင်ကြီးကျေးရွာကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီး ဇင်ချောင်းကုန်းဘောင်ကြီးကျေးရွာမှာ နေထိုင်နေတဲ့ ဦးမင်းမင်းကြီး (၅၁) နှစ်မှာ ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။

အလားတူ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့ကလည်း အိမ်ခြေ ၇၀ ကျော်ရှိတဲ့ ကျောက်ဖြူမြို့နယ်၊ သပြုတောင်ကျေးရွာကို စစ်ကောင်စီက ဒရုန်းဗုံးကြဲချတိုက်ခိုက်မှု၊ လေကြောင်းပစ်ခတ်မှု၊ ရေကြောင်းကနေ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အိမ်ခြေအကုန်လုံးနီးပါးမှာ မီးလောင်ပျက်စီး သွားတယ်လို့ သိရပါတယ်။

1 comment

XN88 June 24, 2026 - 7:39 am

Một ưu điểm hoàn hảo tại nổ hũ Fun 88 đó chính là giao diện vô cùng bắt mắt, đẳng cấp cùng luật chơi rõ ràng. XN88 Một số sản phẩm siêu hút chân cộng đồng cược thủ có thể kể đến như ăn khế trả vàng, kho kháu tứ linh, ngọn lửa chibi, long quy chi bảo,… TONY06-22

Reply

Leave a Comment

Latest Post

Latest Post