Friday, August 7, 2026
Home » ရန်ကုန်မြို့မှာ စား၀တ်နေရေးခက်ခဲလာတာကြောင့် အမျိုးသမီးတွေပါ ကုန်တင်ကုန်ချ လုပ်ကိုင်လာနေရ

ရန်ကုန်မြို့မှာ စား၀တ်နေရေးခက်ခဲလာတာကြောင့် အမျိုးသမီးတွေပါ ကုန်တင်ကုန်ချ လုပ်ကိုင်လာနေရ

1 100
100

၂၀၂၁ခုနှစ် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေးခက်ခဲလာတာကြောင့် ကုန်တင်ကုန်ချ ပျံကျအလုပ်တွေမှာ အမျိုးသမီးအများစု ဝင်ရောက်လုပ်ကိုင်နေကြတယ်လို့ ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံဝန်းအတွင်းက ဆန်ပွဲရုံပိုင်ရှင်တစ်ဦး က BBM ကိုပြောပြပါတယ်။

အမျိုးသမီးများဟာ ယောက်ျားလေးများနည်းတူ ကုန်တင်၊ကုန်ချ၊ ကုန်ထမ်းခြင်းနှင့် ပျံကျအလုပ်နေရာတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ပြောပြထားပါတယ်။

” ကုန်တင်ကုန်ချလိုနေရာမျိုးတွေ ၊ပျံကျရရာအလုပ်မျိုးတွေမှာ အမျိုးသမီးဝင်ရောက်လုပ်ကိုင်မှုက သိသိသာသာများလာတယ်။ ယောက်ျားလေးတွေနဲ့တန်းတူလုပ်ကိုင်လာကြတယ်။ အိမ်ရှိလူကုန်အလုပ်ထွက်လုပ်မှ စားဝတ်နေရေးပြေလည်ကြမှာလေ။ ဝမ်းနည်းစရာကောင်းတယ်”

လို့ ပွဲရုံပိုင်ရှင်ဆက်လက်ပြောပြထားပါတယ်။ အဲဒီ အမျိုးသမီးအလုပ်သမားတွေဟာ အမျိုးသားလုပ်သားများနှင့်တန်းတူ ရင်ပေါင်တန်း၍ လုပ်ကိုင်နေကြပြီး အများစုမှာ စားဝတ်နေရေးအရ လုပ်ကိုင်လာကြတာလည်း ဖြစ်ကြပါတယ်။

” အရင်တုန်းကတော့ ယောက်ျား ရဲ့လစာနဲ့လုံလောက်တာပေါ့။ ဒါပေမယ့် မြင့်လာတဲ့ကုန်ဈေးနှုန်းတွေရယ်၊ ကလေးတွေရဲ့ကျောင်းစရိတ်တွေရယ် တွက်ချက်လိုက်ရင် မလောက်ဘူး။ ဒါတောင်နေမကောင်းဖြစ်လို့ဆေးခန်းသွားရင် ဆေးဖိုးအတွက်ပါဖယ်ရတယ်။ ဘယ်လိုမှအဆင်မပြေဘူး”

လို့ ဆန်ပွဲရုံမှာဝင်ရောက်လုပ်ကိုင်နေတဲ့ လှိုင်သာယာမှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ရန်ကုန်မြို့မှာ ကုန်စျေးနှုန်းအခြေအနေများကြောင့် မိသားစုအများအပြားဟာ စားဝတ်နေရေး အတွက် အခက်အခဲများကြုံနေရပြီး အိမ်ထောင်စုတစ်ခုအတွင်းရှိနေသူအကုန်လုံး ဝင်ငွေရတဲ့ အလုပ်မျိုးကို လုပ်ကိုင်မှသာ စားသောက်ရန်အဆင်ပြေမယ့်အခြေအနေမျိုးမှာ ရှိနေကြပြီး ငယ်ရွယ်သူများအနေဖြင့်လည်း စစ်မှုထမ်းဆောင်ရန် အတင်းအဓမ္မစုဆောင်းခံနေရတဲ့အတွက် အလုပ်လုပ်ရန် ခက်ခဲနေကြပါတယ်။

ပုံ-ဒေသခံတစ်ဦး

#BBM#News#UpdateNews#economy #

1 comment

xn88. June 25, 2026 - 11:57 am

Bài viết này đã giúp tôi hiểu thêm về xn88. , sau khi thử trải nghiệm thực tế thì thấy khá đúng với nội dung chia sẻ. TONY06-25

Reply

Leave a Comment

Latest Post

Latest Post