၂၀၂၅ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က ပုသိမ်မြို့ကနေ အခြားဒေသတွေကို လူမဲ့ ပစ္စည်းပို့ဆောင်မှုတွေကို လက်မခံဖို့ အဝေးပြေး ကားဂိတ်တွေကိုစစ်ကောင်စီကနှုတ်မိန့်နဲ့ ညွှန်ကြားထားတာရှိတယ်လို့ ပုသိမ်ကားဝင်းအတွင်းမှ ဂိတ်မှူးးတစ်ဦးက BBMကို ပြောပြပါတယ်။
“လူမဲ့ပစ္စည်းတင်လို့မရရင် ဈေးရောင်းဖို့ခက်တာပေါ့။ ကိုယ့်နယ်က ထွက်တာကမှ ငါးပိငါးခြောက် ဆန် ပါဆိုမှ ဒါတွေက လူမဲ့ပို့ရင် PDF တွေကို ထောက်ပံ့ဖို့လို ယူဆနေရင်တော့ ကျွန်မတို့ ဧရာဝတီတိုင်းကလူတွေ ဒီထက် ဒီထက် ငတ်ကြဖို့ပဲရှိတယ်”
လို့ ပုသိမ်မြို့မှ ဆိုင်ရှင်တစ်ဦးမှလည်း BBM ကိုဆက်လက်ပြောပြပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာ လဆန်းပိုင်းက အဝေးပြေးကားတွေပေါ်က လူမဲ့ ကုန်ပစ္စည်းတွေကို စစ်တပ်ဂိတ်တွေက ဆွဲချတာ၊ ယူထားတာ၊ လွှင့်ပစ်တာ စတဲ့ ကိစ္စတွေ ပြုလုပ်ခဲ့တာတွေ ရှိပါတယ်။
“လူမဲ့ပစ္စည်းတင်လို့မရရင် ဈေးရောင်းဖို့ခက်တာပေါ့။အခုချိန် အလုပ်တွေကရှားပါးနေချိန် စျေးရောင်းဝယ်ပြီးစားနေကြရတာ တပိုင်တနိုင်ပဲလုပ်နိင်ကြတယ် အခုလိုလုပ်လိုက်တော့ စျေးရောင်းတင်ပို့ဖို့ခက်ခဲသွားတာပေါ”
လို့ ပုသိမ်ကမ်းနားစျေးမှ မိသားစုတပိုင်တနိင်စျေးရောင်း လုပ်ကိုင်နေသူတစ်ဦးက ပြောပြပါတယ်။ ဧရာဝတီတိုင်းကထွက်တဲ့ ပစ္စည်းတွေကို တင်ပို့ရောင်းချနိုင်ဖို့အတွက် ကုန်သည်ကြီးတွေသာ အဆင်ပြေနိုင်တော့တဲ့ အခြေအနေဖြစ်လာတာကြောင့် အသေးစား၊ အလတ်စား ကုန်သွယ်ရေး လုပ်ငန်းလုပ်ဆောင်နေကြသူတွေ ပျောက်ဆုံးသွားတော့မှာ ဖြစ်တယ်လို့ အရင် NLD အစိုးရလက်ထက်က ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့သူတစ်ဦးက မှတ်ချက်ပြုပါတယ်။
“အသေးစား အလတ်စား လုပ်ငန်းတွေ ဖွံ့ဖြိုးမှ ဆင်းရဲမွဲတေမှု အညွှန်းကိန်းက ကျလာမှာ။ အခုက အကုန်လုံးကို ဒုက္ခရောက်ကြစေဆိုတဲ့လမ်းကြောင်း ကို သွားနေတာ သူက(စစ်ကောင်စီ)”
လို့ ကိုနိုင်ကျော်စွာက ပြောပါတယ်။ ဧရာဝတီတိုင်းကို ဗဟိုပြုပြီးပြေးဆွဲနေတဲ့ အဝေးပြေးကားဂိတ်တွေကတော့ အခုနှုတ်မိန့်ဟာ ပစ္စည်းပို့ဆောင်သူတွေအတွက်တင် မဟုတ်ဘဲ ကားလိုင်းတွေအတွက်ပါ ဒုက္ခရောက်စေတဲ့ အမိန့်ဖြစ်တယ်လို့ ဆိုကြပါတယ်။
Photos-Social Media
2 comments
Một lựa chọn tuyệt vời cho người yêu thích game slot365 casino TONY06-25
Mình thường online buổi tối và thấy xn88. com vẫn chạy ổn định. TONY07-08