Thursday, August 6, 2026
Home » ၁၂ နှစ်ကြာ ပိတ်ထားခဲ့တဲ့ မောင်တောမြို့မဂျာမာဗလီကြီးကို AA က ဖွင့်ပေး

၁၂ နှစ်ကြာ ပိတ်ထားခဲ့တဲ့ မောင်တောမြို့မဂျာမာဗလီကြီးကို AA က ဖွင့်ပေး

1 79
79

နှစ်ပေါင်း ၁၂ နှစ်ကြာအောင် ပိတ်ထားခဲ့တဲ့ ရခိုင်ပြည်၊ မောင်တောမြို့၊ မြို့မဂျာမာဗလီကြီးကို အာရက္ခတပ်တော် AA က ပြန်လည်ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ မြို့မဂျာမာဗလီဖွင့်ပွဲကြီး အခမ်းအနားကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်မှာ ပြုလုပ်ပေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီဗလီကြီးဖွင့်ပွဲအခမ်းအနားမှာ ကျမ်းမြတ်ကုရ်အာန်ရဲ့ သင့်လျော်တဲ့ အာယာတော်ကို ရွတ်ဖတ်တာ၊ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူတွေက အမှာစကားပြောကြားတာ၊ မွတ်ဆလင်ရေးရာ ကောင်စီဥက္ကဋ္ဌက ဗလီကြီးဖွင့်လှစ်ခြင်းအပေါ် ဝမ်းမြောက်ကျေးဇူးတင်စကားပြောကြားတာ၊ ဂျူရီအကြီးအကဲတွေက လူမှုသဟဇာတဖြစ်ရေးနဲ့ ပတ်သက်ပြီးပြောကြားတာ၊ ဗလီကြီးဂေါပကဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားတာ စတာတွေကို ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

“မြို့မဂျာမာဗလီကြီးကတော့ ပိတ်ထားတာ အရမ်းကိုကြာနေပါပြီ။ ၂၀၁၂ ခုနှစ် လူမျိုးရေး ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ပိတ်ထားခဲ့တာပါ။ တစ်ချို့ဆိုရင် ပျက်စီးနေတာတွေလည်း ရှိပါတယ်။ ဒါကို AA က ပြန်လည်မွမ်းပြီးတော့ လူမျိုးနှစ်ခုကြား သဟဇာတပိုမိုတိုးတက်ဖို့အတွက် ဖွင့်လှစ်ပေးတာဖြစ်ပါတယ် ”

လို့ မောင်တောမြို့ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။ မြို့မဂျာမှာဗလီကြီး ဖွင့်ပွဲအခမ်းအနားကို အာရက္ခတပ်တော် AA က တာဝန်ရှိလူပုဂ္ဂိုလ်တွေ၊ ဂျူရီအဖွဲ့ဝင်တွေ၊ မောင်တောခရိုင် အစ္စလာမ်ရေးရာကောင်စီအဖွဲ့ဝင်တွေ၊ ဂျာမာဗလီဂေါပကအဖွဲ့နဲ့ ရခိုင်၊ သက္ကမ၊ မြို၊ ဟိန္ဒူ၊ မွတ်ဆလင် စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

မောင်တောမြို့၊ မြို့မဂျာမာဗလီကြီးကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ရခိုင်နဲ့ မွတ်ဆလင်လူမျိုး နှစ်ခုကြား လူမျိုးရေး ပဋိပက္ခဖြစ်ပြီးနောက်ပိုင်းကစလို့ ပိတ်ပင်ထားခဲ့တာ ဖြစ်ပြီး အခုတဖန် အာရက္ခတပ်တော် AA က ပြန်လည်ဖွင့်လှစ်ပေးတာလည်း ဖြစ်ပါတယ်။

ပုံစာ – One Nation News

1 comment

binance h"anvisningsbonus July 21, 2026 - 11:16 pm

Your article helped me a lot, is there any more related content? Thanks!

Reply

Leave a Comment

Latest Post

Latest Post