Monday, October 12, 2026
Home » မြန်မာနိုင်ငံအတွက် UNHCR က အကူအညီတိုးမြှင့်ရန် တောင်းဆိုသော်လည်း ဆွီဒင်နိုင်ငံကဖွံ့ဖြိုးရေးကူညီမှု ရပ်ဆိုင်းမယ်လို့ထုတ်ပြန်

မြန်မာနိုင်ငံအတွက် UNHCR က အကူအညီတိုးမြှင့်ရန် တောင်းဆိုသော်လည်း ဆွီဒင်နိုင်ငံကဖွံ့ဖြိုးရေးကူညီမှု ရပ်ဆိုင်းမယ်လို့ထုတ်ပြန်

1 130
130

မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းထံ တောင်းဆိုခဲ့သော်လည်း တစ်ဖက်တွင်မူ ဆွီဒင်နိုင်ငံက မြန်မာ့ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။

UNHCR မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီဟာ မြန်မာနိုင်ငံအတွင်း သုံးရက်ကြာ နေထိုင်ခဲ့ပြီး ပြည်တွင်းနေရပ်စွန့်ခွာရသူများနှင့် ငလျင်ဒဏ်သင့် ဒေသခံလူမှုအသိုင်းအဝိုင်းများထံ သွားရောက် လေ့လာချက်များအရ အကူအညီများ အရေးတကြီးလိုအပ်နေကြောင်းနဲ့ နိုင်ငံတကာမှ တိုးမြှင့်ကူညီပေးရန် လိုအပ်ကြောင်း UNHCR က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

UNHCR ရဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၈၈.၃ သန်း လိုအပ်သော်လည်း ယခုအချိန်အထိ လိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်း သာ ရရှိသေးကြောင်း ဖော်ပြထားပါတယ်။

“ပြည်တွင်းမှာ နေရပ်စွန့်ခွာနေထိုင်ကြရတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေနဲ့ ဒေသတွင်းရှိတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးလိုအပ်ပြီး သူတို့ရရှိပိုင်ခွင့်ရှိတဲ့ ငြိမ်းချမ်းရေးနဲ့အတူပါလာတဲ့ ဘေးကင်းမှုနဲ့ လုံခြုံမှုကို တောင်းဆိုကြတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးတို့က မြန်မာနိုင်ငံ အကျပ် အတည်းကို အဖြေရှာရန် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ကြရမယ်” လို့ မဟာမင်းကြီးက ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူညီများပေးအပ်သော ဥရောပသမဂ္ဂအဖွဲ့ဝင် ဆွီဒင်နိုင်ငံက လာမည့် ၂၀၂၆ ခုနှစ်တွင် ကူညီမှုများရပ်ဆိုင်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဆွီဒင်နိုင်ငံဟာ မီဒီယာနဲ့ လူ့အခွင့်အရေးအဖွဲ့များအတွက် တစ်နှစ်လျှင် ဒေါ်လာ ၂ ဒသမ ၆၅ သန်းခန့်ထောက်ပံ့ခဲ့ပြီး ယခုကဲ့သို့ ဖြတ်တောက်မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးများ ဖြစ်ပေါ်နိုင်ကာ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ့လူမှုအဖွဲ့အစည်းများ၊ သတင်းထောက်များနှင့် လူ့အခွင့်အရေး ကာကွယ်ရေးသမားများအတွက် ထိခိုက်နစ်နာမည်ဖြစ်ကြောင်း Human Right Myanmar ထုတ်ပြန်ချက်တွင် ပါဝင်ပါတယ်။

မြန်မာနိုင်ငံရှိပြည်သူများနဲ့ ဒေသအတွင်းရှိဒုက္ခသည်များကိုကူညီနိင်ရန်အတွက် နိုင်ငံတကာ အသိုင်း အဝိုင်းထံမှ ပိုမိုကြီးမားသောငွေကြေးပံ့ပိုးမှုလုပ်ဆောင်ပေးရန် လိုအပ်လျက်ရှိနေပါတယ်။

1 comment

gratis binance-konto August 14, 2026 - 5:47 am

Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.

Reply

Leave a Comment

Latest Post

Latest Post