Thursday, August 6, 2026
Home » ကျောက်မဲမြို့ထိုးစစ်အတွင်း စစ်ကောင်စီတပ်က အသက် ၁၆ နှစ် မိန်းကလေးငယ်တစ်ဦးကို အဓ္ဓမပြုကျင့်ကာ မိသားစုဝင် ၃ ဦးနဲ့ သံဃာတစ်ပါးကို သတ်ဖြတ်ခဲ့

ကျောက်မဲမြို့ထိုးစစ်အတွင်း စစ်ကောင်စီတပ်က အသက် ၁၆ နှစ် မိန်းကလေးငယ်တစ်ဦးကို အဓ္ဓမပြုကျင့်ကာ မိသားစုဝင် ၃ ဦးနဲ့ သံဃာတစ်ပါးကို သတ်ဖြတ်ခဲ့

2 52
52

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ကျေးရွာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် လာကြောင့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓ္ဓမပြုကျင့်ကာ မိသားစုဝင် ၃ ဦးနဲ့ ကျေးရွာထဲရှိ သံဃာတစ်ပါးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းမြောက်က ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောက်မဲမြို့ကို စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာတော့ ကျောက်မဲမြို့နဲ့ ၈ မိုင်အကွာမှာရှိတဲ့ နားအိုက်ခန့်ကျေးရွာ ကို ရောက်ရှိလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ နားအိုက်ခန့်ကျေးရွာကို ရောက်ရှိလာပြီး ကျန်းမာရေးရေးမကောင်းတဲ့ ဆရာတော်ကို ပြုစုစောင့်ရှောက်ဖို့ ကျန်ရစ်ခဲ့တဲ့ သံဃာတော်တစ်ပါးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကာ ကျေးရွာအထဲက နေအိမ်တွေကိုလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီက တစ်ဆင့် စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာအနီးအနားရှိ လယ်တဲမှာတိမ်းရှောင်နေတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်ကို အဓ္ဓမပြုကျင့်ကာ သူရဲ့မိသားစုဝင် ၃ ဦးလုံးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ပြီးခဲ့တဲ့ ၂၄ ရက်နေ့မှာ စစ်ကောင်စီထိုးစစ်ကြောင့် TNLA က နားအိုက်ခန့် ကျေးရွာအနီးက တပ်ဆုတ်ပေး လိုက်တယ်လို့ သိရပါတယ်။ ဆိုတော့ စစ်ကောင်စီစစ်ကြောင်းဟာ နားအိုက်ခန့် ကျေးရွာကို ရောက်လာတာပါ။ ကျေးရွာထဲကို ဝင်လာတော့ ပထမဆုံး ရဟန်းသံဃာတော်တစ်ပါးကို ပစ်သတ်လိုက်ကြပါတယ်။ ပြီးတော့ ကျေးရွာအနီးမှာ တိမ်းရှောင်နေတဲ့ မိသားဝင်စု ၃ ဦးကို သတ်ဖြတ်လိုက်ပါတယ်။ အဲဒီမိသားစု ဝင်ထဲက အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်ကိုတော့ စစ်ကောင်စီတပ်သားတွေက အဓ္ဓမပြုကျင့် ပြီးမှ သတ်ဖြတ်လိုက်တာပါ”

လို့ ရှမ်းမြောက်က ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။ သတ်ဖြတ်ခံခဲ့ရတဲ့ မိသားစုဝင် ၃ ဦးရဲ့ လယ်တဲထဲမှာတော့ စစ်ကောင်စီတပ်သားတွေရဲ့ စစ်ယူနီဖောင်း ဝတ်စုံတွေနဲ့ ကျည်အိတ်တွေ ကျန်ရစ်ခဲ့တာဖြစ်ပြီး သေဆုံးသွားခဲ့တဲ့ မိန်းကလေးငယ်ရဲ့ ခန္ဓကိုယ်အော က်ပိုင်းမှာတော့ အဝတ်မပါဘဲ တဲအိမ်ထဲမှာ သေဆုံးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလို စစ်ကောင်စီတပ်သားတွေက အပြစ်မဲ့အရပ်သားတွေကို ပစ်သတ်ခဲ့တာနဲ့ ပတ်သက်ပြီး ရှမ်းအရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Tai Students Union အဖွဲ့ကလည်း စစ်ကောင်စီတပ်ကို အရေးယူပေးဖို့ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထံကို တောင်းဆိုသွားမှာဖြစ်တယ်လို့ မနေ့က စက်တင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Photo-စစ်ကောင်စီတပ်သားများ

2 comments

Skapa ett gratis konto June 1, 2026 - 1:39 pm

Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me? https://www.binance.bh/register?ref=IXBIAFVY

Reply
注册以获取100 USDT July 30, 2026 - 12:48 pm

Your article helped me a lot, is there any more related content? Thanks! https://www.binance.bh/register?ref=IXBIAFVY

Reply

Leave a Comment

Latest Post

Latest Post