Thursday, September 24, 2026
Home » စစ်ကောင်စီ စစ်သင်္ဘောတွေက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ်က အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီ စစ်သင်္ဘောတွေက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ်က အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

1 72
72

ရခိုင်ပြည်၊ စစ်တွေမြို့ကမ်းခြေအနီးမှာ သွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတွေက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ်က အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က စက်တင်ဘာ ၁၇ ရက်နေ့၊ ညနေ ၃ နာရီအချိန်မှာ ပေါက်တောမြို့နယ်ဖက်ကို လက်နက်ကြီးအလုံး ၄၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားတဲ့ အမျိုးသမီးဟာ ပေါက်တောမြို့နယ်၊ မင်းတဲကျေးရွာက အသက် ၂၅ နှစ်အရွယ် မလှသန်းနုလည်း ဖြစ်ပါတယ်။

“စစ်တွေမြို့ကမ်းခြေမှာရှိတဲ့ စစ်သင်္ဘောတွေက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး တစ်လုံးဟာ ပေါက်တောမြို့နယ်၊ မင်းတဲကျေးရွာနားက မြစ်ကမ်းနားမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီမြစ်ကမ်းပါးအနီးအနားမှာ ဂုံးကောက်နေတဲ့ မလှသန်းနုရဲ့ ဘယ်ဖက်ရင်အုံကို လက်နက်ကြီးစတွေ ထိပြီးတော့ ဒဏ်ရာရရှိသွားတာလည်း ဖြစ်ပါတယ်”

လို့ ပေါက်တောဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တွေမြို့နယ်ကို အာရက္ခတပ်တော် AA ပွိီးခဲ့တဲ့ ဖေဖော်ဝါရီလကစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တွေမြို့က စစ်ကောင်စီတပ်ရင်းတွေဖြစ်ကြတဲ့ အမှတ် ၁၂ ရဲတပ်ရင်း၊ ကျားမသောက်ကျေးရွာအနီးရှိ အမှတ် (၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမြင့်ကျွန်းနဲ့ ပါဒလိတ်စတဲ့ ရှေ့ကာကင်းတပ်စခန်းတွေကနေ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နယ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

အဆိုပါ စစ်ကောင်စီက လက်နက်ကြီးတွေ ပစ်ခတ်မှုတွေကြောင့် ပေါက်တောမြို့နယ်က သဲခုံ၊ ငပြီကျွန်း၊ ဆင်တမော်နဲ့ ပြိုင်တောင်စတဲ့ကျေးရွာတွေမှာ ဘေးလွတ်ရာနေရာတွေကို စစ်ဘေးတိမ်ရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

စစ်တွေမြို့မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) စစ်တွေနဲ့ ကွပ်ကဲမှုအောက်က ခြေလျင်၊ ခြေမြန်တိုက်ခိုက်ရေးတပ်တွေဖြစ်ကြတဲ့ ခလရ (၂၀)၊ ခလရ (၂၃၂)၊ ခလရ (၂၇၀)၊ ခမရ (၃၄၄)၊ ခမရ (၃၅၄) တပ်တွေအပြင် အမှတ် (၁၂)၊ အမှတ် (၃၆) ရဲတပ်ရင်းတို့ရှိနေတာလည်း ဖြစ်ပါတယ်။

အလားတူ စစ်တွေမြို့ ပွိုင့်ကမ်းခြေမှာရှိတဲ့ အမှတ် (၃) ဗျူဟာ ရေတပ်ဌာနချုပ်မှာ တိုးချဲ့နေရာချထား စစ်သင်္ဘောတွေနဲ့ ရွှေမင်းဂံရေတပ်စခန်းမှာ စစ်ရေးလှုပ်ရှားနေကြတဲ့ စစ်သင်္ဘောတွေဟာ စစ်တွေမြို့နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တွေကို လက်နက်ကြီတွေနဲ့ ပစ်ခတ်မှုတွေရှိပြီး စစ်တွေမြိုနဲ့တစ်ဖက်တစ်ကမ်းရှိ ပေါက်တောမြို့နယ်ကိုလည်း လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေတာလည်း ဖြစ်ပါတယ်။

Photo-ပုံဟောင်း

1 comment

注册以获取100 USDT July 18, 2026 - 7:47 am

Your point of view caught my eye and was very interesting. Thanks. I have a question for you. https://www.binance.bh/register?ref=GGYHGRE

Reply

Leave a Comment

Latest Post

Latest Post