Thursday, August 6, 2026
Home » စစ်ကော်မရှင်နဲ့ ဆက်စပ်တဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေဟာလည်း အကြမ်းဖက်အုပ်စုဝင် အဖွဲ့အစည်းတွေဖြစ်ကြောင်း NUG က ပူးတွဲထုတ်ပြန်

စစ်ကော်မရှင်နဲ့ ဆက်စပ်တဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေဟာလည်း အကြမ်းဖက်အုပ်စုဝင် အဖွဲ့အစည်းတွေဖြစ်ကြောင်း NUG က ပူးတွဲထုတ်ပြန်

3 57
57

စစ်ကော်မရှင်နဲ့ ဆက်စပ်နေတဲ့ သူတို့ရဲ့လက်အောက်ခံ အဖွဲ့အစည်းတွေဟာလည်း အကြမ်းဖက်အုပ်စုဝင် အဖွဲ့အစည်းတွေသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့က ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ထားပါတယ်။

အဆိုပါ ပူးတွဲထုတ်ပြန်ချက်ကို အချက် (၅) ချက်နဲ့ ထုတ်ပြန်ထားတာဖြစ်ပြီး စစ်ကောင်စီဟာ စစ်ကော်မရှင်လို့ အသွင်ပြောင်းထားပေမဲ့ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ ရန်သူဖြစ်ကြောင်း၊ စစ်ကော်မရှင်ရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေဟာလည်း အကြမ်းဖက် အုပ်စုဝင်အဖွဲ့အစည်းတွေသာဖြစ်ကြောင်း၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အပါဝင် တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခြင်းဟာ တရားမဝင်ပျက်ပြယ်သွားပြီးဖြစ်ကြောင်း၊ စစ်ကော်မရှင်ရဲ့ လက်အောက်အဖွဲ့အစည်းတွေအားလုံးရဲ့ လုပ်ဆောင်ချက်တွေဟာလည်း တရားဝင်မှုမရှိကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုး (NUG) အနေနဲ့လည်း စစ်ကော်မရှင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီက အသွင်းပြောင်းထားတဲ့ စစ်ကော်မရှင်ဟာ အကြမ်းဖက်အဖွဲ့အစည်းသာဖြစ်ပြီး နိုင်ငံတော်နဲ့ ပြည်သူလူထုတွေရဲ့ ရန်သူသာဖြစ်တယ်ဆိုတာကို ထပ်ဆင့်ကြေညာတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က BBM ကို ပြောပါတယ်။

“အဓိကတော့ စစ်တပ်ဖက်က ဖွဲ့စည်းထားတဲ့ စစ်ကော်မရှင်ဟာ အရင်တုန်းက အကြမ်းဖက်စစ်ကောင်စီ ကနေပြီးတော့ အသွင်ပြောင်းပြီးမှ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းသာဖြစ်တဲ့အတွက်ကြောင့် CRPH က ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့ဆိုတာရယ်၊ နောက်ပြီးတော့ NUG က ကြေညာထားတဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုတို့ရဲ့ ရန်သူဆိုတာရယ် ဒါတွေနဲ့တစ်ဆက်တည်း အကျုံးဝင်တာဖြစ်တဲ့အတွက်ကြောင့် လက်ရှိ စစ်ကော်မရှင်ဟာလည်း အကြမ်းဖက်အဖွဲ့အစည်းသာ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူလူထုတို့ရဲ့ ရန်သူသာဖြစ်တယ်ဆိုတာကို ထပ်ဆင့်ကြေညာတာ ဖြစ်ပါတယ်။ စစ်ကော်မရှင်ကနေပြီးတော့ ဆက်လက်ဖွဲ့စည်းထားတဲ့ သူတို့နဲ့ဆက်စပ်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ လက်အောက်ခံအဖွဲ့အစည်းတွေဟာလည်း အကြမ်းဖက်အဖွဲ့အစည်းတွေသာဖြစ်တယ်ဆိုတာကို ကြေညာထားတာ ဖြစ်ပါတယ်”

လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အညီ စစ်ကော်မရှင်အပါအဝင် သူတို့နဲ့ ပတ်သက်ဆက်စပ်နေတဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆက်ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ စစ်ကော်မရှင်လို့ အသွင်ပြောင်းပြီးနောက် ဩဂုတ်အတွင်းမှာ အကြမ်းဖက်တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်ခဲ့ပြီး တရားလက်လွတ်သတ်ဖြတ်မှု ကြောင့် လူပေါင်း ၁၂၆ ဦးအထိ သေဆုံးခဲ့ရသလို လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၂၂၁ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူပေါင်း ၂၈၄ ဦး အထိ သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

အလားတူ စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ ပြင်းထန်ဆိုးရွားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၂၂ ကြိမ်အထိပြုလုပ်ခဲ့ပြီး လူပေါင်း ၂၂၅ ဦးအထိ သေဆုံးမှုတွေရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ စာရင်းအရ သိရပါတယ်။

“အကြမ်းဖက်စစ်အုပ်စုက စစ်ကော်မရှင်လို့ အသွင်ပြောင်းလိုက်တဲ့ ဩဂုတ်လ တစ်လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လူ ၅ ယောက်နဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ရှိခဲ့ပါတယ်။ ဒါတွေက အများကြီး ထိုးပြီးတက်လာတယ်ဆိုတာကို အမျိုးသားညီညွတ်ရေးအစိုးရ လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်တွေ စုဆောင်းမှုတွေအရ တွေ့ရပါတယ်။ စစ်ကောင်စီကတော့ တရားမဝင်အတုယောင် ရွေးကောက်ပွဲကို လုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူလူထုတွေရဲ့အသက်သွေး၊ ချွေး၊ အိုးအိမ်စည်းစိမ်တွေကို ထင်သလိုရက်ရက်စက်စက် လုပ်ကိုင်ဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့ တရားမဝင်အတုယောင် ရွေးကောက်ပွဲတစ်ခုတည်းကိုပဲ ကြည့်နေလို့မရပါဘူး။ ဒီတရားမဝင်အတုယောင် ရွေးကောက်ပွဲကို လုပ်နိုင်ဖို့ဆိုတဲ့ရည်ရွယ်နဲ့ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ လူအခွင့်ရေးချိုး ဖောက်မှုတွေကိုလည်း မြင်အောင်ကြည့်ကြဖို့ လိုအပ်တယ်”

လို့ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တိုက်တွန်းပြောဆိုပါတယ်။ စစ်ကောင်စီဟာ လာမဲ့ရွေးကောက်ပွဲကို အခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်ဖို့ ပြင်ဆင်ထားပြီး ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်မဲ့ မြို့နယ်တွေနဲ့ မဲဆန္ဒနယ်တို့ကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားတာလည်း ဖြစ်ပါတယ်။

3 comments

创建Binance账户 July 1, 2026 - 5:10 am

Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. 创建Binance账户

Reply
anm"ala dig till binance July 16, 2026 - 2:49 am

Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?

Reply
binance kod July 25, 2026 - 1:35 pm

Thanks for sharing. I read many of your blog posts, cool, your blog is very good. https://www.binance.bh/register?ref=GGYHGRE

Reply

Leave a Comment

Latest Post

Latest Post