စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ တမာကန်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာထဲရှိ မသန်စွမ်းသူတစ်ဦးနဲ့ အဘွားအိုတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ Wetlet Informational Network အဖွဲ့က တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းတစ်ကြောင်းဟာ ဒီကနေ့ အောက်တိုဘာလ ၂ ရက်နေ့မှာ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ တမာကန်ကျေးရွာကို ဝင်ရောက်ခဲ့တာဖြစ်ပြီး မွေးရာမသန်စွမ်းသူ အသက် ၂၇ နှစ် အရွယ် ဦးဇော်ဘုန်းခိုင်နဲ့ အသက် ၈၀ နှစ် အရွယ် ဒေါ်မေပု တို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အသက် ၅၀ ကျော် ဦးမြင့်ရွှေမှာလည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ Wetlet Informational Network အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
“ရွာ ၃ ရွာကိုဖြန့်ပြီးတော့မှ စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းဟာ ဒီနေ့မနက်မှာ တမာကန်ရွာထဲကို ဝင် ပါတယ်။ စစ်ကြောင်းနဲ့ အဲဒီရွာက နီးတဲ့အခါကျတော့ ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို မနေ့က ညနေပိုင်းမှာ ပြောင်းရွေ့ကြပါတယ်။ ဆိုတော့ မနက်ပိုင်းမှာ ဒေသခံတွေက ထမင်းချက်ဖို့အတွက် ရွာထဲကိုပြန်ဝင်ကြတော့ အဲဒီစစ်ကြောင်းဟာ ရွာထဲဝင်ပြီးတော့ လက်နက်ငယ်နဲ့ လှမ်းပစ်ခတ်တာ ဖြစ်ပါတယ် ”
လို့ အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် တမာကန်ကျေးရွာက ပြည်သူတွေနဲ့ အနီးအနားကကျေးရွာတွေမှာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
Photo-စကစ
1 comment
Dàn Dealer chuyên nghiệp đến từ Châu Âu và Châu Á chắc chắn sẽ mang đến cho bạn những giây phút thăng hoa giải trí tuyệt vời. slot365 200+ Studio được phát sóng trực tiếp mỗi ngày cho bạn thoải mái tham gia và nhận thưởng bonus với hoa hồng hấp dẫn khi giành chiến thắng. TONY06-22