အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ နေရာ ၅ ခုမှာ တိုက်ပွဲပြင်းထန်နေ
အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေဟာ နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာကျတဲ့ နေရာ ၅ ခုမှာ အပြန်အလှန်ထိုးစစ်တွေနဲ့အတူ နေ့စဥ်ရက်ဆက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ အာရက္ခတပ်တော် AA က မနေ့က အောက်တိုဘာလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်အတွင်းမှာ သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
အခြားတစ်ဖက်မှာလည်း ရခိုင်ပြည်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း)နဲ့ ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြို့နယ်အတွင်း) တို့မှာလည်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကို ကြံကြံခံပြီးတော့ တန်ပြန်ထိုးစစ်တွေ လုပ်ဆောင်လျှက်ရှိနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေမှာလည်း နေ့တိုင်းနီးပါး ဖြစ်ပွားလျက်ရှိနေပါတယ်။
စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသအတွင်းကို ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးတွေပြုလုပ်ကာ ကျောက်ဖြူမြို့ ထိုးစစ်ကိုလည်း ၂၀၂၅ ခုနှစ်၊ မတ်လဆန်းက စတင်ကာ ကြိမ်ဖန်များစွာပြုလုပ်ခဲ့ပေမဲ့လည်း ထိရောက်မှုမရှိဘဲ အထိအခိုက် အကျအဆုံးတွေကိုသာ ကြုံတွေ့နေရတာ ဖြစ်တယ်လို့လည်း AA က ဆိုထားပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမအပတ်က ကျောက်ဖြူမြို့နယ်၊ မလကျွန်းကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့လက်ခံ သိုလှောင်ပို့ဆောင်ရုံ (OGT) စက်ရုံအနီးအနားရှိ ကာကင်းစခန်းတွေကနေပြီးတော့ အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လိပ်ခမော်၊ ရွာသစ်၊ ပြင်ချေ၊ ငှက်ပျော်ချောင်းနဲ့ ကုလာဘာကျေးရွာအနီးကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်ပုတ်တောင်ရေတပ်စခန်း (ဓညဝတီရေတပ်ဌာနချုပ်)၊ မလကျွန်းကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့လက်ခံ သိုလှောင်ပို့ဆောင်ရုံ (OGT) စက်ရုံအနီးအနားရှိ ကာကင်းစခန်းတွေမှာ တိုက်ပွဲတွေပြင်းထန်နေကြတာလည်း ဖြစ်ပါတယ်။
အလားတူ မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်၊ ပဒါန်းတပ်နယ်မှာရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း ဗျူဟာကုန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက အခုရက်ပိုင်းအတွင်းမှာ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ နတ်ရေကန်ဗျူဟာကုန်းနဲ့ ၁ မိုင်အကွာက စစ်ကောင်စီတပ်ရဲ့ ခံစစ်အခိုင်အမာတည်ဆောက်ထားတဲ့ ဂုတ်ကြီးကျေးရွာရှိ ကာကင်းစခန်းကို သိမ်းပိုက်ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့နယ် အမှတ် ၆ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၆) အနီးက ဆင်လန်းကျေးရွာ တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးမှုတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ရခိုင်ရိုးမနယ်စပ်တစ်လျှောက် ဧရာဝတီတိုင်းကရေကြည်၊ သာပေါင်း ၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ အင်္ဂပူနဲ့ မြန်အောင်မြို့နယ်အထိကိုလည်း အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။
Photos-AA Info DeskB
1 comment
Sảnh chơi bắn cá tại 888slot – Trang Chủ Chính Thức của Nhà Cái Uy Tín Nhất Việt Nam tuy ra mắt đã lâu nhưng sức hút mang lại trong cộng đồng cược thủ chưa từng hạ nhiệt. Thành viên tham gia được hóa thân thành những ngư thủ thực thụ, chinh phục đa dạng loài sinh vật biển với nhiều mức độ khác nhau. Anh em cần chuẩn bị các dụng cụ hỗ trợ tương ứng, vũ khí hiện đại để có thể săn về cho mình những boss khủng, cơ hội kiếm số tiền lớn nhé. TONY06-22