Wednesday, August 5, 2026
Home » ရေကြည်မြို့နယ်၊ စပြင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ဒေသခံ ၂၄ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရ

ရေကြည်မြို့နယ်၊ စပြင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ဒေသခံ ၂၄ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရ

2 47

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စပြင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၄ ဦး သေဆုံးခဲ့ပြီးတော့ ၂၀ ကျော်မှာလည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး၊ ပေါင် ၂၅၀ ဗုံး ၁ လုံးစုစုပေါင်းဗုံး ၃ လုံး တို့ကို ပထမအကြိမ်အဖြစ် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

အလားတူ အဲဒီနေ့ နေလည် ၁ နာရီ ၂၀ မိနစ် အချိန်မှာလည်း စစ်ကောင်စီတပ်ဟာ နောက်ထပ်ဂျက်ဖိုက်တာ တစ်စီးနဲ့ ပေါင်၂၅၀ ဗုံး ၂ လုံး စပြင်ကျေးရွာကို ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

“အဲဒီစပြင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာလည်း မရှိပါဘူး။ စစ်ကောင်စီတပ်က သက်သက်ကို စစ်ရာဇဝတ်မှုကျူးလွန်တာပါ။ တစ်နေ့တည်းမှာပဲ ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ သေဆုံးတာကတော့ ၂၄ ယောက်သေဆုံးပါတယ်။ အဲဒီအထဲမှာ ကလေးငယ် ၄ ယောက်ပါ ပါတယ်” လို့ ဧရာဝတီတိုင်း၊ ရေကြည်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် စပြင်ကျေးရွာက အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁၇ ဦးနဲ့ ကလေးသူငယ် ၄ ဦး စုစုပေါင်း ၂၄ ဦးတို့မှာ ဗုံးစထိမှန်ကာ သေဆုံးသွားခဲ့ရပြီး အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁၇ ဦး စုစုပေါင်း ၂၀ ဦး တို့မှာလည်း ထိခိုက်ဒဏ်ရာရရှိသွားကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို အရေးပေါ်ဆေးကုသမှု ခံယူဖို့အတွက် နီးစပ်ရာဆေးရုံတွေကို ပို့ဆောင်ထားရတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် စပြင်ကျေးရွာက လူနေအိမ် ၁၇ ဆောင်မှာလည်း ဗုံးစထိမှန်ကာ ပြိုကျပျက်စီးသွားတယ်လို့လည်း ရေကြည်ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA ၊ ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာ ငသိုင်းချောင်း၊ လေးမျက်နှာ၊ မြန်အောင်နဲ့ အင်္ဂပူ စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေကြတာလည်း ဖြစ်ပါတယ်။

2 comments

Binance注册奖金 July 3, 2026 - 9:16 am

I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. binance Registrera dig

Reply
"oppna binance-konto July 17, 2026 - 5:41 am

Your article helped me a lot, is there any more related content? Thanks! https://www.binance.bh/register?ref=JW3W4Y3A

Reply

Leave a Comment

Latest Post

Latest Post