Friday, August 28, 2026
Home » ထိုင်း-ကမ္ဘောဒီးယား နယ်စပ်‌ရေးရာ အစည်းအဝေး မသေချာ မရေမရာဖြစ်နေ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်‌ရေးရာ အစည်းအဝေး မသေချာ မရေမရာဖြစ်နေ

1 109
109

ထိုင်းနိုင်ငံက ကမ္ဘောဒီးယားရဲ့ နှစ်နိုင်ငံဆွေးနွေးပွဲတွေကို ကြားနေနိုင်ငံ(မလေးရှား)မှာ ကျင်းပဖို့ တောင်းဆိုမှုကို ဒီဇင်ဘာလ ၂၃ရက်နေ့က ငြင်းပယ်ခဲ့တာကြောင့် နယ်စပ်ပဋိပက္ခတွေကို ညှိနှိုင်းဖို့ စီစဉ်ထားတဲ့ အစည်းအဝေးဟာ မသေချာမရေရာဖြစ်နေဆဲပဲဖြစ်ပါတယ်။

နှစ်နိုင်ငံရဲ့ ရှည်လျားတဲ့ နယ်စပ်ပဋိပက္ခဟာ အခုလမှာ ပြန်လည်စတင်ခဲ့ကာ လူ ၄၀ ကျော် သေဆုံးပြီး နှစ်ဖက်စလုံးမှ ပြည်သူ ၉သိန်း ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အရာရှိတွေက ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၂ရက် တနင်္လာနေ့က အခုအပတ်အတွင်း နှစ်နိုင်ငံစလုံးက အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းကမ်းချက်တွေကို ညှိနှိုင်းဖို့ သဘောတူညီခဲ့ကြပေမဲ့ ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံကို မလေးရှားနိုင်ငံရဲ့ မြို့တော်မှာ ဆွေးနွေးပွဲတွေ ကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာလ ၂၃ရက် ‌အင်္ဂါနေ့မှာ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက နှစ်နိုင်ငံနယ်စပ်ကော်မတီအစည်းအဝေးကို ဒီဇင်ဘာလ ၂၄ရက် ဗုဒ္ဓဟူးနေ့မှစပြီး ထိုင်းနိုင်ငံ ချန်သဘူရီပြည်နယ်မှာ အရင်ကစီစဉ်ထားတဲ့အတိုင်း ဆက်လက်ကျင်းပသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ချန်သဘူရီဟာ ဘေးကင်းကြောင်း အာမခံပါတယ်။ ဒီပြည်နယ်ဟာ တိုက်ပွဲတွေ မစတင်ခင်ကတည်းက GBC (အထွေထွေ နယ်စပ်ကော်မတီ) ကို လက်ခံကျင်းပဖို့ စီစဉ်ထားတာပါ” လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆူရာဆန့် ကွန်စီရီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

နယ်စပ်ရေးရာ ကော်မတီမှ အရာရှိတွေက ဗုဒ္ဓဟူးနေ့မှ စနေနေ့အထိ တွေ့ဆုံကြမှာဖြစ်ပြီး အစည်းအဝေး ကျင်းပဖို့ ရှိ၊ မရှိဆိုတာ ကမ္ဘောဒီးယားအပေါ် မူတည်ကြောင်း ဆူရာဆန့်က ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူက အစည်းအဝေးကျင်းပမယ့်နေရာနဲ့ ပတ်သက်ပြီး နောက်ဆုံးရသတင်းအချက်အလက်တွေရရှိထားတာ မရှိကြောင်း AFP ကို ပြောကြားခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ နှစ်နိုင်ငံပဋိပက္ခဟာ ကိုလိုနီခေတ်က မိုင်၅၀၀(၈၀၀ ကီလိုမီတာ) ရှည်လျားတဲ့ နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်း‌တွေနဲ့ ပတ်သက်ပြီး နယ်မြေအငြင်းပွားမှုတွေ ပေါက်ဖွားလာတာပဲဖြစ်ပါတယ်။

ဇူလိုင်လမှာ ငါးရက်ကြာ တိုက်ပွဲတွေကြောင့် ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီးနောက် ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး တိုက်ပွဲအသစ်တွေဖြစ်အောင် ရန်စကြတယ်ဆိုပြီး တစ်ဖက်နဲ့တစ်ဖက် အပြစ်တင်ခဲ့ကြပါတယ်။

ဇူလိုင်လတုန်းက အမေရိကန်၊ တရုတ်နဲ့ မလေးရှားတို့က နှစ်နိုင်ငံတိုက်ပွဲတွေကို အဆုံးသတ်ဖို့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းခဲ့ပေမဲ့ အပစ်အခတ်ရပ်စဲရေးကာလဟာ တိုတောင်းခဲ့ပါတယ်။

Reference-CNA
Translator-Richard
Photos-CNA

1 comment

zimerovertover August 5, 2026 - 4:36 pm

Some genuinely great blog posts on this website, thank you for contribution. “Once, power was considered a masculine attribute. In fact, power has no sex.” by Katharine Graham.

Reply

Leave a Comment

Latest Post

Latest Post