Thursday, September 24, 2026
Home » အစ္စရေးက ဂါဇာကို အပြည့်အ၀ ထိန်းချုပ်ရန် စီစဉ်နေတယ်လို့ ‌အစ္စရေး၀န်ကြီးချုပ်ပြောကြား

အစ္စရေးက ဂါဇာကို အပြည့်အ၀ ထိန်းချုပ်ရန် စီစဉ်နေတယ်လို့ ‌အစ္စရေး၀န်ကြီးချုပ်ပြောကြား

1 835
835

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟူးရဲ့ ဂါဇာကမ်းမြောင်မှာ စစ်ရေးအရှိန်တိုးမြင့်မယ်ဆိုတဲ့ အငြင်းပွားဖွယ် အစီအစဉ်ဟာ ပါလက်စတိုင်းတွေ ပိုမိုသတ်ဖြတ်ခံရနိုင်တာကြောင့် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ကြပါတယ်။

ဩဂုတ်လ ၈ရက်နေ့က ၁၀နာရီကြာပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ နေတန်ရာဟူးက အစ္စရေး စစ်တပ်အနေနဲ့ ဂါဇာကို အပြည့်အ၀ထိန်းချုပ်ဖို့အတွက် ဂါဇာကမ်းမြောင်ကို ပထဆုံးအနေနဲ့ သိမ်းပိုက်ရမယ်ဆိုတဲ့ ၀န်ကြီးတွေရဲ့ အဆိုပြုချက်ကို လက်ခံခဲ့ပါတယ်။

အစ္စရေး၀န်ကြီးများရုံးမှ ထုတ်ပြန်တဲ့ ကြေညာချက်မှာ “သိမ်းပိုက်တယ်” ဆိုတဲ့ စကားလုံးကို အသုံးမပြုပေမဲ့ အခုထက် ပိုမို ထိရောက်စွာ ဆောင်ရွက်မယ်လို့ သုံးနှုန်းသွားခဲ့ပါတယ်။

အခုချိန်မှာ အစ္စရေးတပ်သားတွေလည်း စစ်ပန်းနေတာကြောင့် စစ်မှုထမ်း အသစ်များလိုအပ်မှာဖြစ်ပြီး ဘယ်အချိန်မှာ စစ်ဆင်ရေးစတင်မယ်ဆိုတာ မသိသေးဘဲ လနဲ့ချီ ကြာဦးမှာဖြစ်ပါတယ်။

နေတန်ရာဟူရဲ့ဂါဇာကိုအပြည့်အ၀ ထိန်းချုပ်မယ်ဆိုတဲ့ အစီအစဉ်ကို ကမ္ဘာတစ်ဝှမ်းကနိုင်ငံတွေဟာ ဒေါသတကြီး ကန့်ကွက်ထားကြပြီး အစ္စရေးအနေနဲ့ အပစ်အခတ်ရပ်ဆဲရေးကို ချက်ချင်းလုပ်ဆောင်ဖို့အတွက် ပြောကြားခဲ့ကြပါတယ်။

ယူကေ ၀န်ကြီးချုပ် ဆာရ် ခီယာ စတန်မာက အစ္စရေးရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းနေပြီး ချက်ချင်း ပြန်လည်စဉ်းစားဆုံးဖြတ်ဖို့ အလေးပေးဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးနဲ့ ဆွေးနွေးညှိနှိုင်းလိုစိတ်မရှိသေးဘဲ “ပါလက်စတိုင်း နိုင်ငံ” ထူ‌ထောင်ဖို့တောင် ကြံစည်ထားကြတယ်လို့ အစ္စရေးခေါင်းတောင်တွေကပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၆၁၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့ ထိန်းချုပ်ထားတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီစစ်ပွဲရဲ့အစဟာ ၂၀၂၃ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်တို့ အစ္စရေးကို တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၂၀၀ ခန့် သေဆုံးခဲ့ပြီး ၂၅၁ ဦးကို ဂါဇာကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားရာမှ စတင်ခဲ့ပါတယ်။

ကိုးကား-BBC

1 comment

Louie August 14, 2026 - 4:26 am

Eine 3D Visualisierung, https://bodoc-lauf.de/ optimiert die Welt der Kunst.
Durch moderne Strategien wird ein beeindruckendes Zusammenspiel.

3D Visualisierung schafft Künstlern die Plattform für kreativen Ausdruck.

Reply

Leave a Comment

Latest Post

Latest Post